Wednesday, March 6, 2013

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ စခန်းဆောက်ရန် ရွာတစ်ရွာအား ပြောင်းခိုင်းနေ

0 comments

မတ်(၆)

ရှမ်းပြည်နယ် မိုင်ရှူးမြို့နယ် လွိုင်ဆောင်ထောက်ဒေသတွင် ကျေးရွာတစ်ရွာအား ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)အဖွဲ့မှ မတ်လ ပထမပတ်အတွင်း ရွေ့ပြောင်းရန် အမိန့်ပေးထားကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှလက်နက်ကိုင်(၇)ဦးခန့်သည်မိုင်းရှူးမြို့နယ် ကျောက်ဖြူတောင်
ရွာသို့ မတ်လ(၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး ရွာသူ ရွာသားများအား မိမိတို့ကြိုက်နှစ်သက်ရာဒေသ သို့ သွားရောက်နေထိုင်ကြရန်နှင့် (၃)ရက်အတွင်း ပြောင်းရွှေ့ခြင်းမရှိသော အိမ်များကို မီးရှို့ဖျက်ဆီး ပစ်မည်ဟု အမိန့်ပေးထားကြောင်း သိရသည်။

အဆိုပါ ကျောက်ဖြူတောင်ကျေးရွာသည် ၁၉၉၀ ခုနှစ်ခန့်က အဖိုးတန်ကျောက်နှင့် ပတ္တမြားထွက်ရှိ ခဲ့သဖြင့် ကျောက်တူးပြီး နေထိုင်ကြသည့် အိမ်ခြေ(၅၀)ကျော်ရှိကြောင်း သိရပြီး ယခုအခါကျဘမ်း အလုပ်ဖြင့် နေထိုင် လုပ်ကိုင်နေသည့် အမ်ခြေ(၃၀)ခန့်ရှိကြောင်း အများစုမှာ ရှမ်း၊ ပလောင် လူမျိုး များဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး အလွတ် သဘောတွေ့ဆုံမှု(၅)ကြိမ်၊ ပြည်နယ်အဆင့်တွေ့ဆုံပွဲ(၁)ကြိမ်နှင့် ပြည်ထောင်စုအဆင့်တွေ့ ဆုံမှု(၂)ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အစိုးရနှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အဖွဲ့ တို့သည် ဖေဖော်ဝါရီလ (၁၉)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၅)ရက်နေ့အထိ တိုက်ပွဲ များ ပြန် လည်ဖြစ်ပွား ခဲ့ပြီး နှစ်ဖက်စလုံး ဒဏ်ရာရ/ကျဆုံးမှုများ ဖြစ်ခဲ့သည်။ တိုက်ပွဲများဖြစ်ပွားရသည့်အကြောင်းမှာ လွယ်လန်းတောင်ကြောတစ်လျှောက်တွင် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)အဖွဲ့များမှ စစ်စခန်းများ တိုးချဲ့တည်ဆောက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယခု ကျောက်ဖြူတောင်ကျေးရွာသည် အနီးပတ်ဝန်း ကျင်တွင် အမြင့်ဆုံးဖြစ်ပြီး တောင်ပေါ်တွင် စိုက်ပျိုးမြေများ ရှိခြင်းနှင့် ပတ်ဝန်းကျင်အား ထင်ရှား စွာတွေ့မြင်ရသည့်အတွက် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ၄င်းတို့အတွက် တပ် စခန်းဆောက်ရန် ရွာသူ၊ ရွာသားများအား အမြန်ဆုံးရွှေ့ပြောင်းနေခိုင်းခြင်းဖြစ်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here