Wednesday, March 6, 2013

အရွယ်မရောက်သေးသူ အမျိုးသမီးငယ်တစ်ဦး သားမယားအဖြစ်ပြုကျင့်ခံရ

0 comments

မတ်(၆)


ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စုပိုင် တင်းတပ် (အပေါ်) ကျေးရွာနေ (အဘ) ……………. ၏ သမီးဖြစ်သူ အသက် (၁၂) အရွယ်ရှိ မ………………….. အား တစ်ရွာတည်းနေသူ နေမျိုး (၂၉) နှစ်မှ ဖျားယောင်းသွေးဆောင်ကာ သားမယားအဖြစ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်ပွားပုံမှာ စင်းတောင်ကျေးရွာအုပ်စုပိုင် တင်းတပ် (အပေါ်) ကျေးရွာနေ နေမျိုး ဆိုသူသည် တစ်ရွာတည်းနေ မ ……………………….. အား ၎င်း၏နေအိမ်တွင် ကလေးသီချင်းခွေအသစ်ရှိသည်ဟု ဆိုကာ လာရောက်ကြည့်ရှု့ရန် ခေါ်ဆောင်လာခဲ့ပြီး နေအိမ်ရှိ တီဗွီစင်ရှေ့မှာပင် ပါးစပ်ပိတ်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ပါတယ်။ 

မ……………….. မှ အမဖြစ်သူနှင့် အိမ်နီးချင်းနေသူတို့အား ငိုယိုပြောကြားခဲ့တဲ့အတွက် မိခင်မှ မတ်လ (၅) ရက်နေ့တွင် ပင်လောင်း ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သဖြင့် တရားခံ နေမျိုးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆/၃၆၃ ) အရ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here