(ဒသမ)အကြိမ်မြောက်
မြန်မာနိုင်ငံ တအာင်းစာပေနှင့်ယဉ်ကျေးမှု ညီလာခံကို
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့
မန်တုံမြို့ရှိတအာင်းအမျိုးသားခန်းမဆောင်တွင် ပြုလုပ်ကျင်းပခဲ့သည်ဟု
သိရှိရသည်။
တအာင်းစာပေနှင့်ယဉ်ကျေးမှု ညီလာခံကို ၂၄-၂၅ရက်၊ မတ်လ၊ ၂၀၁၃ခုနှစ် ၊ပြုလုပ်ကျင်းပခဲ့ပြီး မန္တလေး၊ ရန်ကုန်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ မန်တုံ၊ သီပေါ။ ကျောက်မဲ၊ မိုးကုတ်၊ ကလော၊ နမ့်စန် (တောင်) ရပ်စောက်၊ မိုးမိတ်၊ တန့်ယန်၊ ဖာကန့်၊ သိန္ဒီ၊ နမ္မတူ၊ မိုင်ကိုင်နှင့် တရုတ်ပြည် (မန်စီ) အစရှိသည့် (၂၀)မြို့နယ်ကျော် မှ ကိုယ်စားများနှင့် တအာင်းအမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်များအပါအ၀င် ညီလာခံ ကိုယ်စားလှယ် (၁၀၀၀) ကျော် တက်ရောက်ခဲ့သည်။ ကိုယ်စားလှယ်တော်များအပြင် မြို့နယ်
အလိုက် ယဉ်ကျေးမှု
ဖျော်ဖြေရေး အကအဖွဲ့များအပါအ၀င် လူဦးရေ ၆၀၀၀၀န်းကျင်လောက်တက်ရောက်ခဲ့
သည်။
မြို့ခံများအပါအ၀င် ညီလာခံပွဲတွင် လူဦး ၃၀၀၀၀ သောင်းကျော် ရှိသည်။
ပြန့်နှံနေသော အနယ်နယ်အရပ်ရပ်မှ တအာင်းလူမျိုးများ ပြန်လည်ဆုံစည်းနိုင်စေရန်၊ တအာင်း စာပေပြန့်

ပွားလာစေရန်၊ နှင့်
တအာင်းစာပေနှင့်ယဉ်ကျေးမှုထိန်သိမ်းမြှင့်တင်သွားနိုင်ရန်
ရည်ရွယ်ပြီးညီလာခံကို (၄)နှစ် တကြိမ် တအာင်း လူမျိုးများနေထိုင်ရာ
မြို့နယ်များတွင် ပြုလုပ်ကျင်းပခဲ့ကြပါသည်။
ညီလာခံအတောအတွင်းတွင် လွန်ခဲ့သော ၄နှစ်တာအတွင်း ပြုလုပ်ခဲ့သော လုပ်ငန်းစဉ်များ တင်ပြခြင်း၊ တအာင်းစာပေပြန့်ပွားရေး သင်ကြားရေး၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး၊ တအာင်းသမိုင်း အချက် အလက်များ ရှာဖွေစုဆောင်းရေး၊ ရံပုံငွေရှာဖွေရေးစသည့်တို့ကို ၂ရက်တာတွင် ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်း စဉ်များချမှတ်သည့်အပြင် တအာင်းနှစ်သစ်ကူနေ့ သတ်မှတ်ခြင်း၊ တအာင်းအမျိုးသား သီချင်းကိုအတည်ပြုခြင်း၊ နှင့် တအာင်းလူမျိုးများ အားလုံးကိုယ်စားပြုနိုင်သည့် ဘုံဘာသာ စကားဖော်ထုတ်ရန်နှင့် တအာင်းလူမျိုးများ၏ အမည်များရှေ့တွင် တအာင်းအမည်များ မှည့်ခေါ်ကြရန် တအာင်းလူငယ်နှင့်အမျိုးသမီးများကို လက်တွဲခေါ် ဆောင်သွားရန် အကြံပြုဆွေးနွေးခဲ့ကြသည်။
မန်တုံမြို့နယ် ကိုယ်စားလှယ်တဦးမှ-'' တအာင်းကလေးတွေကို တအာင်းစကား မပြောခိုင်းဘူး တအာင်းစာကို သင်ဖို့အားမပေးဘူး ဖြစ်နေလို့ အခုလို တအာင်းတွေက ဘာမှမသိဘူးဖြစ်နေတယ်။ သမိုင်းရော ယဉ်ကျေးမှု ရော စာရောအားလုံး တစ်ဖြည်းဖြည်းနဲ့ သူများအနောက်ကို လိုက်ပါပြီ ပျောက်ကွယ်လုဖြစ်နေတယ်။ စာနဲ့ သမိုင်းပဲ ပျောက်မှာမဟုတ်ဘူး လူမျိုးပါပျောက်တော့မယ်။ တအာင်းဖြစ်တယ်ဆိုရင် တအာင်းစကား ပြောတတ် ရမယ် တအာင်းစာတတ်အောင် သင်ထားရမယ်။ တအာင်းစာကို ပြန့်ပွါးဖို့အားလုံးမှာ တာဝန်ရှိပါတယ်'' ဟု ဆွေးနွေးခဲ့ပါသည်။

ညီလာခံဒုတိယနေ့တွင် လာမည့် ၄ နှစ်သက်တမ်းတွင်
တာဝန်ယူထမ်းဆောင်မည့် ဗဟိုကော်မတီဝင်များ၊
အလုပ်အမှုဆောင်ကော်မတီဝင်များနှင့်အတူ ဥက္ကဌ၊ ဒု ဥက္ကဌများ နှင့်
အတွင်းရေးမှူးများကိုလည်း ရွေးချယ်ခဲ့သည့်အပြင်
စာပေနှင့်ယဉ်ကျေးမှုကော်မတီမရှိသေးသော် မြို့နယ်များကိုလည်း ကော်မတီများ ဖွဲ
့စည်းပေးခဲ့သည်။
၁၉၇၂ ခုနှစ်တွင် ပထမအကြိမ်ညီလာခံကို နမ့်ဆန်မြို့တွင်ကျင်ပခဲ့ပြီး၊ တစ်နှစ်အတွင်းမှာပဲ ဒုတိယ အကြိမ်ညီလာခံကို နမ့်ခမ်းမြို့နယ်တွင် ကျင်ပခဲ့ပြီး ၄နှစ်တစ်ကြိမ်ပုံမှန် ညီလာခံများကို မိုးကုတ်မြို့၊ ကျောက်မဲမြို့ ၊ နမ့်ဆန်မြို့ နမ့်ခမ်းမြို့  ကွတ်ခိုင်မြို့နှင့် မန်တုံမြို့စသည့်မြို့ နယ်များတွင် ပြုလုပ်ကျင်းပခဲ့ကြသည်။ တအာင်း စာမူကို တအာင်းတက္ကသိုလ် ကျောင်းသူ/သားများက စာပြုပုဂ္ဂိုလ်များထံသို့ လေ့လာမှတ်သားခြင်း၊ အကြံဥာဏ်များ တောင်းခံခဲ့ပြီးနောက်ပိုင်းတွင် တအာင်းတစ်မျိုးသားလုံး အသုံးပြုနိုင်မည့် တမူတည်းသော ပလောင်စာကို ဒုတိယအကြိမ်ညီလာခံ (၃၀-၈-၇၂) နေ့တွင် နမ့်ခမ်းမြို့နယ် ဖာလင်ကျေရွာမှာ ကျောက်စာတိုင် စိုက်ထူပြီး အတည်ပြုပြဌာန်းနိုင်ခဲ့ပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံး
သတင်းမှတ်တမ်းနှင့်သုတေသနဌာန