Sunday, March 24, 2013

မိထ္ထီလာ၊လယ်ဝေး၊ ရမည်းသင်းတို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု့များတွင် ပါဝင်ခဲ့သူများ

0 comments
မတ်(၂၄)
 မိထ္ထီလာ၊လယ်ဝေး၊ ရမည်းသင်းတို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု့များတွင် ပါဝင်ခဲ့သူများ ဟု သံသယရှိသူစုစုပေါင်း ၃၅ ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်း အစိုးရက ယနေ့(မတ်လ ၂၄ )  ညနေတွင် သတင်းထုတ်ပြန်သည်။
မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ဦးတို့ကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားပြီးဥပဒေနဲ့အညီအရေးယူဖို့ ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်သည်။

မိတ္ထီလာမှာတုတ်ဓားလက်နက်ကိုင်ဆောင်သွားလာသူ၅၂ဦးကိုဖမ်းဆီးပြီးခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း လည်း သတင်းထုတ်ပြန်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here