ရှမ်းပြည်နယ်
(အရှေ့ပိုင်း) ခရိုင်၊ မြို့ နယ်၊ မြို့နယ်ခွဲ များရှိ စိုက်ပျိုးရေး
ဦးစီးဌာနမှ လုပ်ငန်း တာဝန်ခံများ၊ ငွေကြေး တာဝန်ခံများ လုပ်ငန်း ညှိနှိုင်း
အစည်းအဝေးကို ကျိုင်းတုံမြို့ တွဲဖက် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ မတ် ၈ ရက် နံနက် ၈ နာရီက ကျင်းပရာ
ခရိုင်၊ မြို့နယ်၊ မြို့နယ်ခွဲ တာဝန်ခံများ၊ တွဲဖက် ပြည်နယ် စိုက်ပျိုးရေး ဦးစီး ဌာနမှ တာဝန် ရှိသူများနှင့် ငွေကြေး တာဝန်ခံများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် တွဲဖက် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြား ရေးမှူး ဦးဇော်မြင့်က အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်၊ မြို့နယ်ခွဲ တာဝန်ခံ များမှ မိုးစပါး၊ နွေစပါး၊ ပုလဲသွယ် မျိုးစပါး စိုက်ပျိုး ထားရှိမှု အခြေအနေများ၊ GAP (၁၄) ချက် ဆောင်ရွက်မှု၊ ပညာပေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေ များနှင့် ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူးက ခရိုင်အတွင်း စိုက်ပျိုး ထားရှိမှု အခြေအနေ များကို ရှင်းလင်း တင်ပြ ခဲ့ကြကြောင်း သိရသည်။