မတ်(၆)
၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို လွှတ်တော် ကိုယ်စားလှယ် များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် များက ဖြေကြားခြင်း-
(က) ဒေါ်နန်းဝါနု၊ ကွန်ဟိန်း မဲဆန္ဒနယ်၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျေးလက်နေပြည်သူများ အထိ ကျယ်ပြန့်စွာ သိရှိနားလည်နိုင်ရန် ဆောင်ရွက်ထားရှိမှု အစီအမံများ နှင့် စပ်လျဉ်းသည့်မေးခွန်း။
(ခ) ဦးအောင်သိန်း၊ ရွာငံ မဲဆန္ဒနယ်၏ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(မန္တလေး)တွင် ကျောင်းသား များ ပြောင်းရွှေ့ ပညာသင်ကြားခွင့်ရရှိရေးနှင့် G.T.I အောင်မြင် ပြီးသော ကျောင်းသားများ ပညာဆက်လက်သင်ယူနိုင်ရေး နှင့် စပ်လျဉ်းသည့် မေးခွန်း။
(ဂ) ဦးစိုးပိုင်၊ ဝန်းသို မဲဆန္ဒနယ်၏ မျိုးစပါးကောင်း၊ မျိုးစပါးသန့်များ ကို တောင်သူများ အလွယ်တကူရရှိနိုင်ရေး အတွက် ဆောင်ရွက် ပေးမည့် အစီအစဉ်များ နှင့် စပ်လျဉ်းသည့် မေးခွန်း။
(ဃ) ဦးအောင်ဇင်၊ ပုဇွန်တောင် မဲဆန္ဒနယ်၏ လယ်ယာစိုက်ပျိုးစရိတ် မလုံလောက်သော တောင်သူများကို အတိုးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ပေါင်နှံနိုင်ရန်နှင့် စိုက်ပျိုးစရိတ်တွင် ထူး၍ မကွာဘဲ ဈေးကောင်းပိုနိုင်မည့် အထက်တန်းစားဆန်များတင်ပို့ရေး ရည်ရွယ် လျာထားချက်များ နှင့် စပ်လျဉ်းသည့် မေးခွန်း။
(င) ဦးခိုင်မောင်ရည်၊ အလုံ မဲဆန္ဒနယ်၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။
(စ) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်း အသီးသီးတွင် အမျိုးသမီးများ ပါဝင်မှု ၃၀% ထိ ပါဝင်လာရေးအတွက် မူဝါဒချမှတ်ဆောင်ရွက်ရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။
၆။ အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့်ပေးပို့သော “ အထူးကာလ စည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း။
၇။ ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က တင်သွင်းသော “ ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း တို့ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော် facebook စာမျက်နှာမှ