မတ်(၆)
လားရှိုးမြို့ ဟိုပိတ်အေးရှားဝေါလ်တိုးဂိတ်တွင် ဖမ်းဆီးရမိသောဆေးပြားများ |
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဟိုပိတ်အေးရှားဝေါလ်တိုးဂိတ်တွင်
မူးယစ်အထူးအဖွဲ့ဝင်များနှင့် သက်သေများပါဝင်သောအဖွဲ့မှ မတ်လ(၅)ရက်နေ့တွင်WYစာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အ၀တ်ဘီဒိုပါ ဂျပ်ဖာအတွင်းမှ WY စာတမ်းပါ ဆေးပြားများ |
မတ်လ(၅)ရက်နေ့ နေ့လည်ပိုင်းတွင် မူဆယ်မြို့မှ မန္တလေးဘက်သို့
ယာဉ်မောင်း ဦးဖုန်းမောင် မောင်းနှင်လာ သော ဆလွန်းယာဉ်(အစိမ်းရောင်)အား ဟိုပိတ်အေးရှားဝေါလ် တိုးဂိတ် တွင်
တာဝန်ရှိသူများမှ ရှာဖွေရာမှ ယာဉ်နောက်ခန်းယာဘက်တွင် လိုက်ပါလာသူ မစိုးစိုးသန်း (ကျောက်ဆည်မြို့နေသူ)ထံမှ
စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
သိန်း(၁၇၀၀)ကျော်တန်ဖိုး ရှိ ဆေးပြားများ |
မစိုးစိုးသန်းသယ်ဆောင်လာသည့် တရုတ်နိုင်ငံလုပ် အ၀တ်ဘီဒိုပါ ဂျပ်ဖာအတွင်းမှ
WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၈၈၀၀၀)ပြားခန့် ကာလတန်ဖိုးအားဖြင့် သိန်း(၁၇၀၀)ကျော်တန်ဖိုး ရှိ
ဆေးပြားများ သိမ်းဆည်းရမိခဲ့သည်။ တရားမ၀င်စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ မစိုးစိုးသန်းအား
လားရှိုးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။