ရှမ်းပြည်နယ် နမ့်စန်မြို့တွင် နမ့်စန်မူးယစ်အထူးအဖွဲ့များ
သတင်းအဖွဲ့များနှင့် မြို့နယ်ရဲများပါဝင်သော ပူးပေါင်းအဖွဲ့ မှ မတ်လ (၈) ရက်နေ့တွင်
စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
တရားခံ ဦးစိန်သာ ခြံဝန်းအတွင်းရှိ
ကောက်ရိုးပုံအနီးတွင် မြေကြီးထဲမြှုပ်ထားသော သံဗူးအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား
(၄၀၀) ခန့် ၊ ကာလတန်ဖိုးအားဖြင့် (၁၆) သိန်း ကျပ်နှင့် ကောက်ရိုးပုံ အတွင်းမှ ဘိန်းရှုရာတွင်အသုံးပြုသော ပစ္စည်းကရိယာများကိုပါ သိမ်းဆည်း ရမိခဲ့သည်။
ဦးစိန်သာ ခြံဝန်းအတွင်းမှ ရရှိသော
ဆေးပြားများနှင့် ဘိန်းရှုသည့်ပစ္စည်းများကို နမ့်စန်မြို့ရဲတပ်ဖွဲ့မှ သက်သေများရှေ့တွင်
မှတ်တမ်းတင်သိမ်းဆည်းခဲ့ပြီး တရားခံဦးစိန်သာအား အမှုဖွင့်အရေးယူ ထားကြောင်း ၀မ်ပန်
ကျေးရွာရှိ မျက်မြင် သက်သေများထံမှ သိရသည်။