Monday, April 1, 2013

အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (တောင်ကြီး) ပထမအကြိမ် အာစရိယ ပူဇော်ပွဲ ကျင်းပ

0 comments
ဧပြီ(၁)


ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက် နန်းသီတာလမ်း အမှတ် (၅) အခြေခံပညာ အထက် တန်းကျောင်း စိန်မြင့်မိုရ် ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူဟောင်း များ၏ ပထမ အကြိမ် အာစရိယ ပူဇော်ပွဲ ကျင်းပရာအခမ်းအနားသို့ ကန်တော့ခံ ဆရာကြီး ၊ ဆရာမကြီး ၁၈၇ ဦး၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်နွဲ့ရီနှင့် ဆရာ၊ ဆရာမများ၊ အာစရိယ ပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် များ၊ ကျောင်းသား၊ ကျောင်းသူဟောင်း များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက် ကြသည်။

အခမ်းအနားတွင် အာစရိယ ပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းခမ်းမွတ်က အဖွင့် အမှာစကား ပြောကြားပြီး ကြွရောက်လာသော ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး များအား လှူဖွယ် ပစ္စည်းများနှင့် အလှူငွေများ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်း ၄ဝဝ ဖြင့် ကန်တော့ကြသည်။ ဆက်လက်၍ ကန်တော့ခံ ဆရာကြီး ဦးစိန်ထွန်းနှင့် ဆရာကြီး ဦးစိုင်းခမ်းစင် တို့က ဆုံးမသြဝါဒ မိန့်ကြားပြီးနောက် လုပ် သက် အနှစ် ၂ဝ အထက် ဆရာကြီး၊ ဆရာမကြီး များအား ကျောင်းသား၊ ကျောင်းသူဟောင်း များက ဂုဏ်ပြု အထိမ်းအမှတ် လက်ဆောင် ပေးအပ် ကန်တော့ခဲ့ကြောင်း သိရသည်
အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (တောင်ကြီး) ပထမအကြိမ် အာစရိယ ပူဇော်ပွဲ ကျင်းပ



ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက် နန်းသီတာလမ်း အမှတ် (၅) အခြေခံပညာ အထက် တန်းကျောင်း စိန်မြင့်မိုရ် ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူဟောင်း များ၏ ပထမ အကြိမ် အာစရိယ ပူဇော်ပွဲ ကျင်းပရာ
အခမ်းအနားသို့ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး ၁၈၇ ဦး၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်နွဲ့ရီနှင့် ဆရာ၊ ဆရာမများ၊ အာစရိယ ပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် များ၊ ကျောင်းသား၊ ကျောင်းသူဟောင်း များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက် ကြသည်။

အခမ်းအနားတွင် အာစရိယ ပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းခမ်းမွတ်က အဖွင့် အမှာစကား ပြောကြားပြီး ကြွရောက်လာသော ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး များအား လှူဖွယ် ပစ္စည်းများနှင့် အလှူငွေများ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်း ၄ဝဝ ဖြင့် ကန်တော့ကြသည်။ ဆက်လက်၍ ကန်တော့ခံ ဆရာကြီး ဦးစိန်ထွန်းနှင့် ဆရာကြီး ဦးစိုင်းခမ်းစင် တို့က ဆုံးမသြဝါဒ မိန့်ကြားပြီးနောက် လုပ် သက် အနှစ် ၂ဝ အထက် ဆရာကြီး၊ ဆရာမကြီး များအား ကျောင်းသား၊ ကျောင်းသူဟောင်း များက ဂုဏ်ပြု အထိမ်းအမှတ် လက်ဆောင် ပေးအပ် ကန်တော့ခဲ့ကြောင်း သိရသည်။

 
http://bit.ly/ZUYEX4
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here