ညောင်ဦးမြို့နယ်၊ယဉ်ဆမ်းရွာတွင်
ဧပြီ ၂ဝ ရက် နေ့ခင်းတစ်နာရီအချိန်က ဝက်စာကြွေးရန်ပိစပ်ပဲကြိုရာမှ
မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် လူနေအိမ် ၁၉
လုံးဆုံးရှုံးခဲ့ပြီး၊ရွာသူ၊ရွာ သား ၁ဝ၉ ဦး အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်းသိရသ ည်။
''ယောက်ျားသားတွေက တောထဲရောက်နေကြတယ်။ရွာကရေရှားတော့ မီးပိုကြီးသွားတယ်။''ဟုရွာခံတစ် ဦးပြောသည်။မီး လောင်ရာသို့ ညောင်ဦးမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များလာရောက်ငြိမ်းသတ် ခဲ့ကြောင်း၊နေ့ခင်းနှစ်နာရီတွင်
မီးလုံးဝငြိမ်းခဲ့ကြောင်း သိရသည်။နေအိမ်တစ်အိမ်တွင် ဝက်စာကြွေးရန်အတွက် ပိစပ်ပဲကြိုရာမှ မီးစတင်လောင်ခြင်းဖြစ်ကြောင်းသိ ရသည်။မီးလောင်မှု ကြောင့် တိုက်ခံအိမ်လေးလုံး၊ပျဉ်ထောင်အိ မ်ငါးလုံး၊ဝါးကပ်မိုးထရံကာအိမ် ဆယ်လုံးစုစုပေါင်း အိမ် ၁၉ လုံးဆုံးရှုံးပြီး ၁ဝ၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်းသိ ရသည်။မီးလောင်မှုကြောင့် လူအသက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဘိုးမှာ ကျပ် ၉၉ သိန်းဟုခန့်မှန်းထားကြောင်း၊မီး ဘေးသင့် ရွာသူရွာသားများအားဆုတောင်းပြည့် ဘုန်းကြီးကျောင်းအတွင်း ခေတ္တနေရာချထားပြီး ညောင်ဦးမြို့မှ လူမှုရေးအသင်းအဖွဲ့များ၊စေတနာရှ င်၊အလှူရှင် များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ ကသွားရောက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဂံသစ္စာ
Popular Myanmar News Journal

''ယောက်ျားသားတွေက တောထဲရောက်နေကြတယ်။ရွာကရေရှားတေ
မီးလုံးဝငြိမ်းခဲ့ကြောင်း သိရသည်။နေအိမ်တစ်အိမ်တွင် ဝက်စာကြွေးရန်အတွက် ပိစပ်ပဲကြိုရာမှ မီးစတင်လောင်ခြင်းဖြစ်ကြောင်းသိ
မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဘိုးမှာ ကျပ် ၉၉ သိန်းဟုခန့်မှန်းထားကြောင်း၊မီး
ပုဂံသစ္စာ
Popular Myanmar News Journal