Tuesday, April 23, 2013

"သင်္ကြန်ကို ဇာတိမြို့ ပုသိမ်မှာသီချင်းဆိုရင်းဖြတ်သန်းခဲ့တဲ့ ပုလဲဝင်း"

0 comments
ဧပြီ(၂၃)
ပုလဲဝင်းက အရင်နှစ် သင်္ကြန်တွေကို မန္တလေးမြို့မှာ ဖြတ်သန်းခဲ့ပြီး ဒီနှစ်သင်္ကြန် တွင်း လေးရက်လုံးကိုတော့ ဇာတိမြို့ဖြစ်တဲ့ ပုသိမ်မြို့မှာ သွားရောက် ဖျော်ဖြေခဲ့ပါတယ်။

"ပုလဲတို့ ပုသိမ်မှာ ရွှေ မင်္ဂလာ Express ကားက မဏ္ဍပ် လုပ်တော့ သူတို့က ပုလဲတို့ကို ငှားတယ်။ကိုယ်က ပုသိမ်သူ လည်းဖြစ်တယ်။ နယ်ခံလည်း ဖြစ်တယ်။ အဲဒီအခါကျတော့ ပုသိမ်မြို့မှာ
ပထမဦးဆုံးအနေနဲ့ ရေကစားမဏ္ဍပ်နဲ့ ဖျော်ဖြေ ရေးမဏ္ဍပ် ပုံစံလေးလုပ်ချင်တယ်။ အဲဒီတော့ ပုလဲကို အနုပညာရှင် တွေ စီစဉ်ပေးဆိုတော့ ပုလဲ အပါအဝင် ဒိုရေမီရယ် "ဟိုလိုလို ဒီလိုလို" အခွေထဲက အဆိုတော် တွေနဲ့ ဖျော်ဖြေပေးခဲ့တယ်။ သူတို့တွေကလည်း ဒီဂျေတွေ ဘာတွေ အားလုံးပုလဲတို့ကို စီစဉ်ပေးပါတယ်။ပြီးတော့ ပုသိမ်မြို့မှာ ဒီနှစ်က ပထမဦးဆုံးဖျော်ဖြေ ရေးမဏ္ဍပ်လို့လည်း ပြောလို့ရ
ပါတယ်"လို့ ပုသိမ်သင်္ကြန် အတွေ့အကြုံကိုပြောပြပါတယ်။

ပုလဲဝင်းက ပုသိမ်သူတစ် ယောက်အနေနဲ့ ကိုယ့်ရဲ့ ဇာတိမြို့ မှာ အခုလို ဖျော်ဖြေပြီး သင်္ကြန် တွင်း ဖြတ်သန်းခဲ့ရတဲ့အတွက် ဒီနှစ်သင်္ကြန်ကိုတော့ အပျော်ဆုံး ဖြစ်ခဲ့ရပါတယ်လို့ ဆိုပါတယ်။
"ပုလဲက ပုသိမ်သင်္ကြန်မှာ ငယ်ငယ်တုန်းကလည်း မဏ္ဍပ် တွေဘာတွေ မရောက်ဖူးဘူး။ ညဘက် သံချပ်ထိုးတာကိုပဲ ကြည့်ဖူးတယ်။ပြီးတော့ သင်္ကြန်ဆို ကိုယ့်ရဲ့ အိမ်ရှေ့မှာပဲ ရေ ကစားဖူးတယ်။ အခု

ဒီမဏ္ဍပ်မှာ ပါဝင်ဖျော်ဖြေတာ ပထမဦးဆုံးပါပဲ။တအားလည်းစည်ပါတယ်။ ပရိသတ်တွေကလည်း ပုလဲတို့ အနုပညာရှင်တွေ ဖျော်ဖြေ မှုကို မြင်တွေ့နေရတာကိုပဲ သူတို့ကလည်း ပျော်ကြတယ်။ ပုလဲတို့
တအား ပျော်ခဲ့ရတယ်။ ပြီးတော့ သင်္ကြန်က ရန်ကုန်ပဲ ဖြစ်ဖြစ်၊ ပုသိမ်ပဲဖြစ်ဖြစ် ပျော်ရတာကတော့ အားလုံး အတူတူပါပဲ။ တအားကြီး လည်း မကွာဘူးလို့ ခံစားရတယ်။ ကိုယ့်ဇာတိပုသိမ်မြို့မှာ သင်္ကြန်
ကျခဲ့ရတဲ့အတွက်လည်း၊ အရင်နှစ် တွေနဲ့မတူဘဲ ပထမဦးဆုံး အကြိမ်ဖြစ်ပေမယ့်လည်း တအားကို ပျော်ခဲ့ရပါတယ်"လို့ ပုလဲဝင်းက ပြောပါတယ်။

သင်္ကြန်မကျခင်မှာ သတင်း တွေက ဟိုလိုလိုဒီလိုလိုနဲ့ စိုးရိမ် ခဲ့ကြပေမယ့် တကယ်တမ်း မှာတော့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ ကြတယ်လို့ ပုလဲဝင်းကပြော ပါတယ်။ ပုလဲဝင်းက နှစ်ဆန်း တစ်ရက်နေ့မှာတော့ ပုသိမ်မြို့က ရွှေမော်ဓောဘုရားမှာ ရွှေသင်္ကန်း ကပ်ပြီး လျှပ်စစ်မီးတချို့ လှူ ဒါန်းခဲ့တယ်လို့ သိရပြီး ညနေ ရန်ကုန်ကို ပြန်ရောက်တဲ့အချိန် မှာတော့ ရွှေတိဂုံဘုရားကို
မိသားစု နဲ့အတူ သွားရောက်ဖူးမြော်ခဲ့တယ် လို့ပြောပါတယ်။

လွင်လွင်ထွန်း

Popular Journal

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here