ဧပြီ(၁၆)
အစိုးရ တပ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် ခရိုင်
လွယ်စရမ်း ကျေးရွာသား (၅) ဦးကို တအာင်းလွတ်မြောက်ရေး တပ်မတော်၏ သတင်းပေးဟု
စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခဲ့သည်ဟု မျက်မြင် လွယ်စရမ်း ရွာသား တဦးက ဆိုပါသည်။
“ မနေ့ည (၁၀)နာရီ လောက်ပေါ့ဗျာ အဲဒီ လူ (၅) ဦးကို ကြိုးတုတ်
ဖမ်းပြီး စစ်ဆေးနေတယ်။ စစ်ဆေးတဲ့ နေရာမှာ တနေကုန် ရိုက်နှက် ကြတယ်။ အခု ချိန်ထိ
မလွှတ် သေးဘူး။ တကယ်တော့ ဒီနယ် တွေဟာ အမဲရောင် နယ်မြေလို့ အစိုးရ တပ်တွေက သတ်မှတ်ထားတယ်လေ။
ဟုတ်ဟုတ် မဟုတ်ဟုတ် ဖမ်းမယ်။ နှိပ်စက်မယ် သတ်ဖြတ်မယ် ထောင်ချမယ် လုပ်နေ ခဲ့တာ
ကျနော်တို့ တသက် ပါဘဲ။ စီးပွားရေး အရ ကြည့်ပြန် ရင်လည်း ပလောင်ဆိုတာ လက်ဖက်
စိုက်ပျိုးရေးကို အခြေခံတဲ့ လူတွေလေ။ ဒီလို လက်ဖက်ချိန် ရောက်ရင် စစ်ဆင်ကြတယ်။
လူထုကို မသွားဖို့ ကန့်သတ်တယ်။ အမျိုးမျိုး ပါဘဲ" ဟု ဆိုပါသည်။
အစိုးရ ခလရ
၁၂၃၊ ခလရ ၂၉၀ နှင့် ခမရ ၅၀၁ တို့ ပူးပေါင်း စစ်ကြောင်းသည် ယမာန်နေ့ ဧပြီလ ၁၅ ရက်
နံက် (၁၀) နာရီတွင် ကွတ်ခိုင်မြို့နယ် နမ့်ဖကာ ကျေးရွာ အုပ်စု လွယ်စရမ်း ရွာသို့
ဝင်ရောက် လာပြီး တအာင်း အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA ) နှင့် ဆပ်စပ်မှု
ရှိသည်ဟု ယူဆသည့် အိမ်များကို ၀င်ရောက် စစ်ဆေးကာ အိမ်ရှင်များ နှင့် ရွာသူကြီး
ကိုပါ ဖမ်းဆီး ထားပါသည်။
အစိုးရ
တပ်များသည်၊ ကွတ်ခိုင်နှင့် နမ့်ဆန် မြို့နယ် များကို စစ်ဆင် နေပါသည်။ ဤဒေသရှိ
TNLA တပ်များနှင့် မကြာခဏ တိုက်ပွဲ ဖြစ်ပွား နေပါသည်။ တိုက်ပွဲ ဖြစ်တိုင်း အစိုးရ
တပ်များ အထိနာ ခဲ့သဖြင့် အနီးအနားမှ ကျေးရွာ လူထု များအား အကြောင်း အမျိုးမျိုး
ပြပြီး နှိပ်စက် ညှင်းပမ်း ခဲ့ကြလေ့ ရှိပါသည်။
TNLA သည်
ပလောင် လူမျိုးတို့၏ လက်ဖက် ခူးချိန် ဖြစ်သော ယခုလို ရာသီ မျိုးတွင် အစိုးရ
တပ်ဖွဲ့ များနှင့် တိုက်ပွဲ မဖြစ် ပွားရန် ရှောင်ရှား ကြလေ့ ရှိပါသည်။ သို့သော်
အစိုးရ တပ်ဖွဲ့ များသည် ယခုလို ရာသီ မျိုးကိုသာ ရွေးပြီး TNLA အား စစ်ဆင်လေ့
ရှိပါသည်။ အစိုးရ တပ်များသည် မလွဲ မရှောင်သာသော အခြေအနေကို ဖန်တီး လာလေ့
ရှိသောကြောင့် TNLA နှင့် တိုက်ပွဲ ဖြစ်ကြရ လေသည်။
ဤကဲ့သို့
တိုက်ပွဲ ဖြစ်လာသော အခါ အစိုးရ တပ်များသည်၊ တိုက်ပွဲ ဖြစ်ခဲ့သော နေရာမှ
ပတ်ဝန်းကျင် ကျေးရွာရှိ လူထုများ ကို တဖက်သတ် စွပ်စွဲပြီး နှိပ်စက် သတ်ဖြတ်
မှုများ ပြုလုပ် ခဲ့ကြလေသည်။ ထို့အပြင် လက်ဖက် ခူးချိန်ကိုလည်း အနှောင့် အယှက်
ပေးသည့် အနေဖြင့် ရွာပြင် မထွက်ရ၊ တွေ့သည့် လူများကို ဖမ်းဆီးခြင်း၊ ပစ်ခတ်
ခြင်းများ၊ နှိပ်စက် ခြင်းများ ပြုလုပ် ခဲ့ကြ ပါသည်။
ဤကဲ့သို့
ပြုလုပ် မှုကြောင့် လက်ဖက် စိုက်ခင်းကို ပစ်ခွာ ခဲ့ကြပြီး လွတ်ရာကို ထွက်ပြေး
ခဲ့ကြရသဖြင့် ယခုချိန်တွင် ကွတ်ခိုင် နှင့် နမ့်ခမ်း မြို့နယ် အတွင်း၌ပင် ဒုက္ခ
သည်များ ထောင်နဲ့ချီ ဖြစ်လာ ခဲ့ပါသည်။
စီးပွားရေး
အရ ထိခိုက် လာသော ပလောင် လူထု၏ အခြေအနေကြောင့် TNLA သည် လူထု သက်သာရာ သက်သာ
ကြောင်း စစ်ရေးဗျူဟာများကို ပြောင်းလဲ ပြင်ဆင်လာခဲ့ရပါသည်။ အစိုးရ တပ်များသည်လည်း
၎င်းတို့၏ စစ်ရေး ရည်မှန်းချက် အောင်မြင်ရန် အလို့ငှာ မည်သည့်နည်း မဆို သုံးခဲ့
ကြသည်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။
အစိုးရ
တပ်ဖွဲ့များ၏ ရှေ့တန်း စစ်ဆင်ရေးတိုင်း ပြည်သူအား နှိပ်စက်သည့် အကြပ်ကိုင်မှု
စစ်ဆင်ရေးမျိုး ဖန်တီးလေ့ ရှိပါသည်။ KNU အား တိုက်ခိုက် နေချိန်တွင် ကရင်လူထုအား
ဒုက္ခသည် ဘ၀သို့ ပို့ဆောင်ခဲ့ပြီး ညှင်းပမ်း နှိပ်စက်မှု၊ သတ်ဖြတ်မှုနှင့် မုဒိန်းမှု
စသည့် စစ်ဆင်ရေး လက်နက်များကိုလည်း အသုံးပြု ခဲ့ကြသည်။ အလားတူ KIA စစ်ဆင်ရေးများ၊
TNLA စစ်ဆင်ရေးများ၊ ရှမ်း စသည့် မည်သည့် စစ်ဆင်ရေးတွင် မဆို ဤနည်း ဗျူဟာ များကို
အသုံးပြု ခဲ့သည် အထောက် အထား များနှင့် တကွ စစ်ရေး လေ့လာသူ များက ထောက်ပြ နေကြ
ပါသည်။
အစိုးရ
စစ်တပ် များ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုသည် ယခုကဲ့သို့ တိုက်ပွဲ ဖြစ်နေသော
ဒေသများ၌ ဆက်လက်ချိုး ဖေါက်နေဆဲ ရှိနေပါသည်။ ဤအခြေအနေ မျိုးတွင် အစိုးရ ပြောရေး
ဆိုခွင့် ရှိသူ များသည် ချိုးဖေါက်မှု မရှိ ခဲ့ဘူးဟု ငြင်းဆိုလေ့ ရှိပါသည်။ မြန်မာ
နိုင်ငံ၏ လူ့အခွင့် အရေး စာမျက်နှာ အတွက် ကုလ သမဂ္ဂတွင် တာဝန် ရှိသည်ဟု အများက ယူဆ
ကြပါသည်။
TNLA ဒေသ၌
ရှိသော အစိုးရ တပ်ဖွဲ့များသည် ၂၀၁၂ ခု အောက်တိုဘာ ၁၉ ရက် ၀န်းကျင် တွင်လည်း
နမ့်ဆန်မြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာ အုပ်ချုပ် ရေးမှူး များကို ဖမ်းဆီး
ရိုက်နှက် အချုပ်ချ ထားဖူးသည်။ TNLA နှင့် ဆက်စပ် သည်ဟု သံသယ ရှိသည့် ရွာသား
များကို ယခု ကဲ့သို့ မကြာခဏ ရိုက်နှက် ဖမ်းဆီး အရေးယူလေ့ ရှိသည်။
ဤသို့ကြောင့်
လူ့အခွင့်ရေး ချိုးဖေါက် ခံနေ ရသော ပလောင် ဒေသတွင် ကုလ သမဂ္ဂမှ လေ့လာ စုံစမ်းရန်
လိုအပ် လာသည့် အခြေနေ ဖြစ်နေ ပါသည်။ ထို့အပြင် ကျန်ရှိသည့် ကချင်၊ ရှမ်းဒေသ
များသို့လည်း စုံစမ်းရန် လိုအပ်လာ နေပါ သည်။
ရွှေဟင်္သာသတင်းဌာန
