Thursday, April 25, 2013

တာချီလိတ်မြို့တွင် ပြုလုပ်သည့် မြန်မာ-တရုတ် ကုန်စည်ပြပွဲ

0 comments
ဧပြီ(၂၅)
မြန်မာဧရာမွန်ကုမ္ပဏီများအုပ်စုမှ ဦးဆောင်ကျင်းပသည့် မြန်မာ-တရုတ် ကုန်စည်ပြပွဲ၏ ဖွင့်ပွဲကို ယနေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊တရုတ်နိုင်ငံကုမ္ပဏီ KUMAN MEKUNG RIVER BUSINESS COMMUNICTION CO-LTD ဥက္ကဋ္ဌ Mr- LI YUN KUN. မြန်မာဧရာမွန်ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအိုက်မောင်နှင့် တာချီလိတ်မြို့ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးမြင့်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီးနောက် ၀န်ကြီး နှင့် တာချီလိတ်ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာများ အပါအ၀င် ဒေသခံများမှ မြန်မာ - တရုတ် ကုန်စည်ပစ္စည်းများကို လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။

လောလောဆယ်မှာ ကုန်ပစ္စည်းများနှင့် ဆိုင်ခန်းများမှာ အနည်းအငယ်မျှသာ ရှိနေသေးတာဖြစ်ပြီး အများအားဖြင့်မှာ တရုတ်ကုန်ပစ္စည်းများသာ တွေ့ရှိရသည်။ မကြာမီ ရက်ပိုင်းအတွင်းမှာလည်း တရုတ်ကုန်ပစ္စည်းများကို ပြသရောင်းချနိုင်ရန်အတွက် မဲခေါင်မြစ်မှတဆင့် ကုန်ပစ္စည်းများ ရောက်ရှိလာတော့မည် ဖြစ်ကြောင်းလည်း သိရသည်။

ယခုပြုလုပ်သော မြန်မာ-တရုတ် ကုန်စည်ပြပွဲကို ဧပြီလ(၂၅)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ ပြသရောင်းချသွားမှာဖြစ်ကြောင်း သိရှိရသည်။

Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here