ရှမ်းပြည်နယ်
(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၁ဝ) ရပ်ကွက်၌ မတ် ၂၇ရက် နံနက် ၈
နာရီက ရာဇာဓိရာဇ် ကတ္တရာ လမ်းသစ် ဖွင့်ပွဲကို အဆိုပါ လမ်းထိပ်ရှိ မုခ်ဦး၌
ကျင်းပရာ အခမ်းအနားသို့ ရှမ်းပြည်နယ် လွှတ်တော်
ကိုယ်စားလှယ်များ
ဖြစ်ကြသည့် ဦးစိုင်းဆန်စိန်၊ ဦးစိုင်း ထွန်းထွန်းလွင်၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ
အကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တန့်ယန်းမြို့နယ် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်
ဦးစိုင်းဆန်စိန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်တို့က အမှာစကား
ပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ
ဦးတင်မောင်စိုးက ကတ္တရာလမ်းသစ် ဖွင့်လှစ်ရမှုကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယခုဖွင့်လှစ်ပေးသော ရာဇာဓိရာဇ် ကတ္တရာလမ်းသစ်သည် အရှည်ပေ ၁၉၄ဝ၊ အကျယ် ၁၂
ပေရှိပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့်
အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်
(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၁ဝ) ရပ်ကွက်၌ မတ် ၂၇ရက် နံနက် ၈
နာရီက ရာဇာဓိရာဇ် ကတ္တရာ လမ်းသစ် ဖွင့်ပွဲကို အဆိုပါ လမ်းထိပ်ရှိ မုခ်ဦး၌
ကျင်းပရာ အခမ်းအနားသို့ ရှမ်းပြည်နယ် လွှတ်တော်
ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးစိုင်းဆန်စိန်၊ ဦးစိုင်း ထွန်းထွန်းလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တန့်ယန်းမြို့နယ် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်တို့က အမှာစကား ပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးတင်မောင်စိုးက ကတ္တရာလမ်းသစ် ဖွင့်လှစ်ရမှုကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ယခုဖွင့်လှစ်ပေးသော ရာဇာဓိရာဇ် ကတ္တရာလမ်းသစ်သည် အရှည်ပေ ၁၉၄ဝ၊ အကျယ် ၁၂ ပေရှိပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။