Thursday, April 18, 2013

မကြာမီရောင်းချမည့် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲနှိုက်ရောင်းချမည်

0 comments

ဧပြီ(၁၈)


1500cdmamobilephone-april17
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်အတွင်း တန်ဖိုးနည်းဖုန်းများ ရောင်းချမည့် အစီအစဉ် ကြေညာထားသည်ကို တွေ့ရစဉ်
မကြာမီ ရောင်းချမည့် ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် မဲနှိုက်ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။
ရပ်ကွက်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် တန်ဖိုးနည်း ဖုန်းများကို မဲနှိုက်ရောင်းချပေးနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွန်ကြားထားကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် လစဉ် ခွဲတမ်းအလိုက် တစ်လတစ်ကြိမ် မဲနှိုက်ရောင်းချမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်ဆိုင်ရာ ရပ်ကွက်အသီးသီးရှိ ပြည်သူများအနေဖြင့် တန်ဖိုးနည်း ဖုန်းများအား မဲနှိုက်ရောင်းချရာတွင် ပါဝင်လိုပါက မှတ်ပုံတင်မိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူ လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
"ကျွန်တော်တို့ ရပ်ကွက်ရုံးတွေမှာ တန်ဖိုးနည်းဖုန်းတွေကို မဲနှိုက်ရောင်းချပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကနေ အကြောင်းကြား လာပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ရပ်ကွက်အတွင်းက လမ်းတွေမှာ တန်ဖိုးနည်းဖုန်းတွေကို မဲနှိုက်ရောင်းချပေးမှာ ဖြစ်တဲ့အတွက် လာရောက် စာရင်းပေးနိုင်ကြောင်း လိုက်ပြီးနှိုးဆော်ထားပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ရုံးတွေကနေ တစ်ဆင့် ရောင်းချပေးမယ့် ဖုန်းတွေက CDMA-800 ဖုန်းတွေ ဖြစ်ပါတယ်" ဟု စမ်းချောင်း (မြောက်) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တန်ဖိုးနည်း ဖုန်းဝယ်ယူရန် လာရောက်စာရင်းပေးသွင်းရာတွင် သန်းခေါင်စာရင်းမူရင်း ယူဆောင်လာရန် လိုအပ်မည်ဖြစ်ပြီး ၀န်ထမ်းများ လာရောက်စာရင်းပေးသွင်းခြင်း မပြုရန် ရက်ကွက်အချို့တွင် ကြေညာထားသည်။
WCDMA 800 ဖုန်းများကို တစ်လလျှင် အလုံးရေ သုံးသိန်းခွဲနှုန်းဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဧပြီလ ၂၄ ရက်မှ စတင်၍ ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုချင်းစီတွင် ရရှိမည့် ဖုန်းအလုံးရေနှင့် မြို့နယ်အလိုက် အချိုးကျ အကြမ်းဖျင်း တွက်ချက်ကြည့်ပါက မြို့နယ်တစ်မြို့နယ်တွင် တစ်ရက်အတွင်း ပျမ်းမျှဖုန်းအလုံးရေ ၂၅ လုံး ၀န်းကျင်ခန့်သာ ရောင်းချခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
မကြာမီ ရောင်းချမည့် ငွေကျပ် ၁၅၀၀ နှုန်းတန် တန်ဖိုးနည်းဖုန်းများတွင် အင်တာနက် အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုလိုပါက ငွေကျပ် တစ်သောင်းနှုန်းဖြင့် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here