Thursday, April 18, 2013

မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ သက်တော်(၇၈)နှစ်ပြည့် မွေးနေ့ကံထပ် အလှူတော်မင်္ဂလာပြုလုပ်

0 comments
ဧပြီ(၁၈)
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ ပဓာနနာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ သက်တော်(၇၈)နှစ်ပြည့် ၀ိဇာတမင်္ဂလာ မွေးနေ့အလှူကို ယနေ့ နံနက်(၈)နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

{ကံထပ်မင်္ဂလာ}

 {ဆရာတော်ဘုရားကြီးမှ ငှက်များအား ဘေးမဲ့ပေးနေစဉ်}

 {နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ချီးမြှင့်နေစဉ်}

ဝါတော်(၅၇)၀ါရှိပြီဖြစ်သော မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ သက်တော်(၇၈)နှစ်ပြည့် ၀ိဇာတမင်္ဂလာမွေးနေ့အလှူတော်တွင် နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီးမှ ကြွရောက်တော်မူလာပြီး သြ၀ါဒများချီးမြှင့်ပေးခြင်း၊ ကံထပ်မင်္ဂလာဆင်ယင်ကျင်းပခြင်းအပြင် ပင့်ဖိတ်ထားသော သံဃာတော်(၁၇)ပါးတို့က ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here