ဧရာဝတီ(၁၈)
ယနေ့နံနက်(၉)နာရီက
တာချီလိတ် မြို့နယ်ဓမ္မာရုံမှာ ဌာနဆိုင်ရာများ၊ အလှူရှင်များ နှင့်
ရပ်မိရပ်ဖများ ပူးပေါင်းကာ သက်ကြီးရွယ်အို အဖိုးအဖွားများအား
ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ပူဇော်ကန်တော့ပွဲ၌ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ နှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများအပါအ၀င် အလှူရှင်များ၊ ရပ်မိရပ်ဖများ လာရောက်ကြတာကို တွေ့ရသည်။ အဆိုပါ ကန်တော့ပွဲအခမ်းအနားတွင် ကန်တော့ခံ အဖိုးအဘွားများအနေဖြင့် တာချီလိတ်မြို့ရှိ ဘိုးဘွားရိပ်သာမှ အဖိုးအဖွား(၁၇)ဦး နှင့် ရပ်ကွက်အသီးသီးမှ အဖိုးအဖွား(၁၆)ဦး စုစုပေါင်း(၃၃)ဦး လာရောက်ကန်တော့ခံကြောင်း သိရသည်။
Tachileik Online News


