အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရမည့် ကျေးရွာ ၂၂ ရွာ၏ နစ်နာမှုများအတွက် နေရာမြေအစားထိုးပေးခြင်း အပါအ၀င် အဆောက်အဦးများ ပြန်လည် ဆောက် လုပ်ပေးခြင်းနှင့် ငွေကြေးများ ပေးအပ်ခြင်းတို့ကို ပြု လုပ်ပေးခဲ့ကြောင်း သိရသည်။
မတ်လ ၂၂ ရက်မှ စတင်ပြီး ၂၅ ရက်နေ့ အထိ ရွာ ၄ ရွာ ဖြစ်တဲ့ ရွာကြီး၊ သင်္ဘောကုန်း၊ ဟင်္သာ ကုန်း၊ ဂွေး ကုန်းရွာ တွေကို လျော်ကြေးငွေအတွက် ကျပ်ငွေ သိန်း ၁ သောင်းကျော် (သိန်း၁၇၇၆၈၉) လျော်ကြေး ပေး အပ်ခဲ့ကြောင်း သိရသည်။
သိန်း ၅၀ တန်တဲ့ အိမ်ကို သိန်း ၅၀ ပေးတယ်။ တချို့အိမ်ဆိုရင် သိန်း ၁၈၀ တန်တာ ရှိတယ်။ သိန်း ၁၀၀ တန်ရင် ၁၀၀ ပေးတယ်။ ပေးတဲ့ဟာရယ် နောက် သူ့ခြံ ဘယ်လောက်ရှိလဲ၊ နှစ်ရှည်သီးနှံပင် ဘယ်လောက် ရှိလဲ၊ လယ်ယာကိုင်းကျွန်း ဘယ်လောက်ရှိလဲဆိုတာ နှုန်းထားအတိုင်း တွက်ဆပြီးတော့ ပေးလိုက်တယ်။ ရှင်းရှင်းပြောရရင် နစ်နာမှုမရှိအောင် ပေးတယ်” ဟု ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်း ရင်က ပြောသည်။
ဝါးဖြင့် တည်ဆောက်ထားသည့် တချို့နေအိမ်များကိုလည်း အနည်းဆုံး ကျပ်ငွေ ၆ သိန်း သုံးသောင်း ခန့် ပေးအပ်ပြီး စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးတို့ကို အသစ် ပြန်လည် တည်ဆောက်ပေးကြောင်း ၎င်းကဆက် ပြောသည်။
ကျန်ရှိနေသေးသည့် ကျေးရွာများကို ယခုလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ကျေးရွာ ၆ ရွာကို ဆက် လက် ပေးအပ်သွားမည်ဖြစ်ပြီး အတတ်နိုင်ဆုံး ဒီ ၄ လပိုင်း (ဧပြီလ) ထဲမှာ ကျနော်တို့ ပြတ်အောင် လုပ်သွား မည်ဟု သိရသည်။
ကျေးရွာ ဒေသခံများလည်း နေရာမြေ နေရာစားထိုး ပြန်ပေးရေး အပါအ၀င် လမ်းနှင့် မီးရရှိရေး စသည့် အချက်များကို တောင်းဆိုခဲ့ရာ အစိုးရက လိုက်လျော်ပေးပြီး တောင်းဆိုထားသည့် ပမာဏ ရရှိသဖြင့် ကျေ နပ် ကြကြောင်း ပြောဆိုကြသည်။
ကယန်းတိုင်းမ်