Monday, April 29, 2013

“ရှမ်းစော်ဘွားများ ဂူသင်္ချိုင်းသို့ ဂါရဝပြုသွားရောက် လေ့လာခဲ့သူ ဦးကျော်သူ အဓိဋ္ဌာန်အောင်၍ ဆံပင်ညှပ်လိုက်ပြီဟုဆို”

0 comments
ဧပြီ(၂၉)
ဧပြီလ ၂ဝရက်နေ့က နာရေး ကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌဦး ကျော်သူ သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရှိ ‘နှလုံးလှပိုင်ရှင်များ’နာရေး ကူညီမှုအသင်း ၏ ရုံးဖွင့်ပွဲနှင့် လူမှုပရဟိတဟော ပြောပွဲအား တက်ရောက်ခဲ့ သည်။’နှလုံးလှပိုင်ရှင်များ’ နာရေးကူညီမှုအသင်းရုံးခန်းကိုညနေပိုင်းတွင် ဖွင့်လှစ်ခဲ့ ပြီးနောက် ည၈နာရီအချိန် တွင် ဟောပြောပွဲပြုလုပ်ခဲ့ရာ နာရေး ကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူက ‘ဗြဟ္မစိုရ်ခြေလှမ်းများ’ ခေါင်းစဉ်၊ ကိုအလင်းဆက်(IR)က‘ပဉ္စမမဏ္ဍိုင်၏စိန်ခေါ်မှုများ’  ခေါင်း စဉ် ဖြင့် ဟောပြောပေးခဲ့သည်။ ဧပြီ ၂၁ရက်နေ့၊ မနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံစော်ဘွားများ၏ ဂူ သင်္ချိုင်း ဗိမာန်အားသွားရောက် လေ့လာခဲ့ကာ ကျိုင်းတုံ စော်ဘွား၏ နောက်ဆုံး မျိုးဆက်ဖြစ်သူနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပြီး စော်ဘွားများ၏ သင်္ချိုင်းဂူဗိမာန်(၉)ခုအား ဂါရဝပြုခဲ့ကြသည်။ ထို့နောက် တာချီလိတ်မြို့ရှိ’မဇ္ဈိမ’လူမှုရေး အသင်းသို့ သွား ရောက်ခဲ့ပြီး ည(၈)နာရီ အချိန်က ‘ဟုတ်တက်’ဗုဒ္ဓဘာသာ ဘုရားကျောင်းတွင် လူမှုရေးပရဟိတ ဟောပြောပွဲကျင်းပခဲ့သည်။

ဧပြီ(၂၂)ရက်နေ့ မနက်ပိုင်း တွင် တာချီလိတ်မြို့ရှိ သုသန်သို့ သွားရောက်လေ့လာခဲ့ပြီး နေ့လယ် ၁၂ နာရီတွင် တာချီလိတ်မြို့ရှိ ‘မဇ္ဈိမ’ လူမှုကူညီရေးအသင်းနှင့် မြို့ခံ ပရ ဟိတအဖွဲ့များ၊ ထိုင်းနိုင်ငံမယ်ဆိုင် မြို့ရှိ လူမှုကရုဏာအသင်း(မယ်ဆိုင်) အစရှိသည့် လူမှုရေးအဖွဲ့များကို ဇန် မွန်းအာခါဟိုတယ်၌ တွေ့ဆုံခဲ့ကြသည်။
ထိုခရီးစဉ်တွင် ကျိုင်တုံမြို့ရှိ လွန်ခဲ့သော နှစ်ပေါင်း ၂၃နှစ်က ပျံ လွန်တော်မူခဲ့ပြီး ယနေ့တိုင် မပုပ်မ သိုး၊ မပျက်ယွင်းဘဲ အကောင်းပကတိအလား သက်တော်၇၆နှစ်ရှိ ဆရာတော်ဦးသာဂရ၏ ရုပ်ကလာပ်အား ဖူးမြော်ခွင့်ရရှိခဲ့သလို ကျိုင်းတုံစော်ဘွားများ၏ ဂူသင်္ချိုင်းဗိမာန်များအား လေ့လာဂါရဝပြုခွင့် ရရှိခဲ့သည်။

နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူသည် ဧပြီ ၂၅ ရက်နေ့ ညပိုင်းတွင် အဓိဋ္ဌာန်တစ်ခုပြီးသွားလို့ အောင်စည်အောင်မောင်း တီးပြီးနောက် ထူးခြားမှုတစ်ခုအနေဖြင့် ဆံပင်ကိုညှပ်လိုက်ကြောင်း သိရသည်။ ဆံပင်ညှပ်စဉ် မီးပျတ်သွားသဖြင့် ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်းတွင် ဒုတိယအကြိမ် ပြန်ညှပ်ခဲ့ရသည်။

Popularmyanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here