Thursday, April 4, 2013

မိုင်းယန်းမြို့နယ်တွင် ကျွဲများ ရောဂါဖြစ်ပွားပြီး သေဆုံးနေ

0 comments
ဧပြီ (၄)
 
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်၊ပုလုံးကျေးရွာတွင် မတ်လကုန်မှစတင်ပြီး ကျေးရွာရှိ ကျွဲများ ရောဂါဖြစ်ကာသေဆုံးနေကြကြောင်း သိရသည်။ 

ကျိုင်းတုံမြို့၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဋ္ဌာနမှ ဥက္ကဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင် (၅) ဦး၊မြို့နယ် လ၀က ဒုဦးစီးမှူး ဦးတင်အောင်မိုးတို့မှ မတ်လ (၃) ရက်နေ့တွင် မိုင်းယမ်းမြို့နယ် မိုင်းလွေ အုပ်စု ပုလုံးကျေးရွာ သို့ သွားရောက်ခဲ့ပြီး လက်ရှိရောဂါဖြစ်ပွားနေသော ကျွဲ (၇) ကောင်နှင့် အခြားကျွဲ (၃၉) ကောင်တို့အား ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း သိရသည်။

၎င်းကျေးရွာရှိ ကျွဲများတွင် ဖြစ်ပွားနေသောရောဂါမှာ လည်ချောင်းကွဲရောဂါဖြစ်ပြီး သေဆုံး သည့် ကျွဲကောင်ရေ (၂၀) ကျော်သွားပြီဖြစ်ကြောင်း ကျွဲပိုင်ရှင် ရွာသားများထံမှ သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here