Monday, April 1, 2013

နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများရောင်းချရန် စီစဉ်နေစဉ် မူးယစ်အထူးအဖွဲ့မှ ၀င်ရောက်ဖမ်းဆီး

0 comments
ဧပြီ(၁)


လားရှိုးမြို့၊ ရပ်ကွက်(၉) နယ်မြေ(၄) ဆင်တောင်လမ်း နေ စိန်လွင် (၄၀)နှစ်(ဘ)ဦးခမ်ဆိုင် ၏ နေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာစိန်လွင်နှင့်၎င်း၏အစ်ကိုဖြစ်သူစိုင်းအောင်မြင့်တို့(၂)ဦး သည်အိပ်ခန်းအတွင်းဘိန်းဖြူမှုန့်များအားပလပ်စတစ်ပိုက်ငယ်များအတွင်း ထည့်သွင်းနေစဉ်လားရှိုး မူးယစ် (အထူး)အဖွဲ့မှ ရောက်ရှိလာပြီး အိပ်ယာပေါ်တွင် ပင်နယ်စလင်ပုလင်းဖြင့် ထည့်လျက် ဘိန်းဖြူမှုန့် စုစုပေါင်း အလေးချိန်(၀.၆) ဂရမ်ခန့်နှင့်ဘိန်းဖြူမှုန့် များထည့်ထားသော ပလပ်စတစ် ပိုက်တို(၂၀)ချောင်းတို့အားသိမ်းဆည်းရမိခဲ့ကြောင်း  သိရှိရသည်။

လားရှိုးသား

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here