Thursday, April 11, 2013

ရင်ခုန်သံ မတူကြတဲ့ သင်္ကြန်ကာလ

0 comments
ဧပြီ(၁၁)
လူအများအပြားက သင်္ကြန်ကျမယ့်ရက်တွေကို စောင့်ဆိုင်းနေကြပါတယ်။ပျော်ဖို့ ရွှင်ဖို့ သင်္ကြန်ကို စောင့်နေသူများ ရှိသလို၊ တချို့ကတော့ တရားစခန်းဝင်ဖို့ သင်္ကြန်ကို စောင့်နေကြတာပါ။
 

၂၀၁၂ ရေသဘင်ပွဲမြင်ကွင်းတခု (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

သင်္ကြန်ကာလ တရားစခန်းသွားကြမယ့်သူတွေထဲမှာ လူငယ်တွေ အများ အပြားပါဝင်နေပါတယ်။

တချို့ကတော့ ရေပက်ခံမထွက်၊ အိမ်ထဲမှာလည်း အောင်းမနေဘဲ မိဘတွေရဲ့ အစီအစဉ်နဲ့ တရားစခန်းကို လှမ်းကြတော့မှာပါ တဲ့။

    ကျောက်တံတား မြို့မှာ နေထိုင်သူ အသက် ၁၈နှစ်အရွယ် မသက်ထားက “ဒီနှစ်သင်္ကြန်ကတော့ အိမ်မှာပဲ နေပါမယ်ဆိုတာတောင် မရဘူး။
အမေနဲ့ အဖေက တရားစခန်း အတင်းဝင်ခိုင်းနေတယ်။  သမီး ရဲ့ သူငယ်ချင်းတွေရဲ့ မိဘတွေလည်း ဒီအတိုင်းပဲ” လို့ ပြောပါတယ်။

“ပစ္စည်းတွေ စူပါဝမ်း(ကုန်တိုက်)မှာ သွားဝယ်တဲ့ အခါ သမီးလိုပဲ လူငယ် တော် တော်များများက တရားစခန်းဝင်ဖို့အတွက် ဒီဆပ်ပြာခွက်လောက်ဆို အဆင်ပြေပါ့မလား၊  ဘာတွေလိုသေးလဲ ဆိုပြီး ၀ယ်ယူနေကြတာ တွေ့ရတယ်။  သမီးလိုပဲ လူငယ်တော်တော်များများ ၀င်ကြမယ်ဆိုတော့ အားတက် သွားတယ်” လို့ မသက်ထားက ဆက်ပြောပြပါတယ်။

    ဒီနှစ်သင်္ကြန်အတွက်ကတော့  တရားစခန်းတွေမှာလည်း စာရင်း ပြည့်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

    “ကျွန်မကတော့ လှိုင်မဟာစည်မှာ ၀င်မလို့ လုပ်နေတာ၊ ဧပြီလ ဆန်းပိုင်း ကတည်းက မရတော့ပါဘူး။  တခြား တရားစခန်းတွေလည်း လူပြည့်နေပြီလို့  ပြောကြတယ်။  မတ်လကုန်လောက်ကတည်းက စာရင်းတွေ ပေးထားမှ ရနိုင်တယ်။  နယ်ဘက်က တရားစခန်းတွေကိုလည်း သွားဝင်တဲ့သူတွေများတော့  အဲဒါတွေကို ထပ်စုံ စမ်းရမယ်” လို့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ကြိုတင်ပြင်ဆင်သူများထဲမှာ လုပ်ငန်းရှင်ကြီးငယ်တွေလည်း ပါပါတယ်။
     သင်္ကြန်ကာလမတိုင်ခင်အချိန်ကတည်းက ရေသန့်တွေ အရက်ပုလင်း၊  ဘီယာ ပုလင်းတွေကို ကုန်သည်တွေက ၀ယ်ယူစုဆောင်းထားကြပြီး  သင်္ကြန်အတွင်း ကာလမှာ ရောင်းဖို့အတွက် ပြင်ဆင်ကြ တယ်လို့သိရပါတယ်။

    သင်္ကြန်ကာလမှာ အင်းယားကန်ဘက်မှာဆိုရင် ရေသန့် ၊ ဘီယာ အရက် အရောင်းဆိုင်တွေ အများ အပြား တွေ့ရပြီး ရေသန့်ဗူး တစ်ဗူးဆိုရင် ငွေကျပ် ၁,၀၀၀ နဲ့ ၀ယ်ယူ သောက်ရတယ်လို့ ၂၀၁၂ခုနှစ် သင်္ကြန် ပွဲတော်ကို ဆင်နွဲခဲ့သူ တစ်ဦးက ပြောပါတယ်။
ရေသဘင်ပွဲကာလမှာ အရည်မျိုးစုံ အရောင်းသွက်တာ ထုံးစံပါ။

လူငယ်တချို့က အရည်မျိုးစုံအတွက် ငွေကုန်ခံကြသလို လူငယ်တချို့ကတော့  အရည်မျိုးစုံ အရင်းပြုပြီး ရေလျှံအောင်လုပ်ဖို့ အသင့်ပါပဲ တဲ့ - သူတို့ကတော့    သင်္ကြန်ကာလမှာ သူငယ်ချင်းတွေ စုစည်းပြီး ဘီယာ၊ အရက်နဲ့ ရေသန့် ရောင်းကြသူတွေပါ။
ဆိုင် အသေးစားလေးတွေ မှာတောင် အမြတ်ငွေက  တစ်နေ့ကို တစ်သိန်းကျော် ၀င်ငွေ ရှိတယ်လို့ သိရပါတယ်။

နယ်မြို့အများအပြားရဲ့ သင်္ကြန်ကာလအတွက်ပြင်ဆင်မှုအသီးသီးဟာ  ရန်ကုန်နည်းတူ ရှိလိမ့်မယ်လို့ ယူဆရပါတယ်။


The Irrawaddy's Blog 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here