Thursday, April 11, 2013

သင်္ချာသင်ကြားရာတွင် လက်ဟန်ခြေဟန်သုံးပြီး ရှင်းလင်းခြင်းက ပိုမိုထိရောက်

0 comments
ဧပြီ(၁၁)
Photo: သင်္ချာသင်ကြားရာတွင် လက်ဟန်ခြေဟန်သုံးပြီး ရှင်းလင်းခြင်းက ပိုမိုထိရောက်
Thursday, April 11, 2013

ကလေးများအား သင်္ချာသင်ကြားရာတွင် ရိုးရှင်းသော လက်ဟန်ခြေဟန်၊ ကိုယ်ဟန်အမူအရာများ အသုံးပြုပြီး သင်ကြားခြင်းသည် ကလေးများ၏ စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်စေကြောင်း လေ့လာမှု သစ်တစ်ရပ်အရ သိရသည်။

ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်းအရွယ်ရှိ ကျောင်းသား ၁၈၄ ဦးအား (၄+၅+၇ = -- +၇) ပုစ္ဆာတွင် ညီမျှခြင်းတစ်ဘက်နှင့် တစ်ဘက် တူညီကြောင်း အဖြေရှာစေခဲ့ခြင်းဖြင့် မီချီဂန်တက္ကသိုလ်မှ စိတ်ပညာ ပါမောက္ခကင်ဘာလေဖင်းန်နှင့် အိုင်အိုဝါတက္ကသိုလ်မှ ဆူဆန်ဝက်ဂ်
နာကွတ်တို့က လေ့လာ မှုပြုခဲ့ကြသည်။

လေ့လာမှုတွင် နည်းပြဆရာများမှ အဆိုပါပုစ္ဆာတွင် ညီမျှခြင်းတစ်ဘက်နှင့် တစ်ဘက်တူညီသင့် ကြောင်း ကိုယ်ဟန်အမူအရာကို အသုံးပြုပြီးရှင်းပြ
ထားသော ဗီဒီယိုကို ကျောင်းသားတစ်ဝက်အား ပြသခဲ့ပြီး ကျန်တစ်ဝက်
ကိုမူ ဆရာများ၏ စကားပြောသက်သက်ဖြင့်သာ သင်ကြားရှင်းလင်းသော ဗီဒီယိုကို ပြသခဲ့သည်။

ယင်းသို့ စမ်းသပ်လေ့လာမှု ပြုလုပ်ရာတွင် လက်ဟန်ခြေဟန်သုံးပြီး သင်ကြားသည့်ဗီဒီယိုကိုကြည့်ရ သော ကျောင်းသားများသည် စွမ်းဆောင်ရည်ပိုမိုမြင့်မားသည်ကို တွေ့ခဲ့ရသည်။ ထို့နောက် ၂၄
နာရီ အကြာတွင်အလားတူ ဒုတိယ စမ်းသပ်မှုအားပြုလုပ်ရာတွင်
လည်း လက်ဟန်ခြေဟန်ဖြင့် သင်ကြား ခံရသော ကျောင်းသားအဖွဲ့
က ပိုမိုသာလွန်နေခဲ့သည်။

နည်းပြဆရာများသည် ညီမျှခြင်းတစ်ဘက်စီကို လက်ဟန်သုံးပြီး ရှင်းလင်းသောအခါ ကျောင်းသားများ သည် ဂဏန်းများကို အဓိက
မထားဘဲ ပုစ္ဆာ၏အဓိကအချက်မှာညီမျှခြင်း နှစ်ဘက်တူညီစေရေး ဆိုသည်ကို နားလည်သဘောပေါက်ခဲ့ကြောင်း သိရသည်။

စကားပြောသက်သက်ဖြင့်သာ သင်ကြားခံရသော ကျောင်းသားများသည် ဂဏန်းများကို ပိုမိုမှတ်မိ သဖြင့် ပုစ္ဆာအသစ်ပြောင်းလဲသွားသောအခါ အခက်အခဲအသစ်များအဖြစ် ပြန်လည်ရင်ဆိုင်ကြရ ကြောင်း နှိုင်းယှဉ်တွေ့
ရှိခဲ့ရသည်။

Weekly Eleven
မောက္ခနိုင်ငံတကာသတင်း

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here