Wednesday, April 3, 2013

သစ်ခွဲသားများကို မည်သည့် ထောက်ခံချက်မှ မလိုဘဲ လွတ်လပ်စွာ ၀ယ်ယူနိုင်

0 comments
ဧပြီ(၃)
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ၀န်ကြီး ဌာန၊ မြန်မာ့သစ် လုပ်ငန်းမှ ပြည်သူ များသို့ သစ်ခွဲသား များကို လွတ်လပ်စွာ ရောင်းချပေးမှာ

ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို သစ်ခွဲသားများ ရောင်းချမှု ကိုတော့ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ပြီး နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ မြန်မာ့သစ် လုပ်ငန်းပိုင် သစ်စက်၊ သစ်ဆိုင်များ တည်ရှိတဲ့ နေရာများမှာ မည်သည့် ထောက်ခံချက်မှ မလိုအပ်ပဲ သစ်ခွဲသားများကို လွတ်လပ်စွာ ၀ယ်ယူသုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။

ဒီလို သစ်ခွဲသားများကို ပြည်သူများ ထံသို့ လွတ်လပ်စွာ ရောင်းချ ပေးမှုဟာ နိုင်ငံတော်မှ စီမံချက် ချမှတ် ဆောင်ရွက် နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အရ ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုစေဖို့နဲ့ ပြည်သူတို့ရဲ့ စားဝတ်နေရေး လိုအပ်ချက်များ အနက် အဓိက တစ်ခုဖြစ်တဲ့ နေရေး လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့တို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူများ အနေနဲ့လည်း သစ်ခွဲသား များကို လွတ်လပ်စွာ ၀ယ်ယူမှုမှာ ဈေးနှုန်း သက်သာစွာ လွယ်ကူစွာဖြင့် ၀ယ်ယူနိုင်ပြီး နေရေး လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရားမ၀င် သစ်ထုတ်ယူ ရောင်းဝယ်ခြင်း ကိုလည်း ကာကွယ် တားဆီးနိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

mrtv4
Myanmar Forward

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here