Friday, April 12, 2013

TNLA အဖွဲ့ နမ့်ခမ်းမြို့နယ်တွင် ဘိန်းခွန်ငွေများ တောင်းခံ

0 comments



အေပြီ(၁၂)
 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ ယမန်နေ့ မနက်ပိုင်းက ဘိန်းခွန်ငွေများ တောင်းခံသွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ကြတော့ ကျွန်တော်တို့ ဒေသခံတွေ ဒုက္ခ ရောက်ကြတာပေါ့။ ခုချိန်က ရွှေဖီခူးချိန်လေ၊ ရွှေဖီခူးမသွားရဲကြဘူး။ အချို့ပိုက်ဆံချမ်းသာတဲ့သူတွေက ဘိန်းခင်းတွေ စိုက်ကြတယ်။ ဟိုတလောက ဘိန်းခွန်ကြေးလာတောင်းတယ်လို့ ကြားတယ်။ ကျွန်တော်ကတော့ ဘိန်းမစိုက်တော့ မပေး ရဘူး။ ဘိန်းစိုက်သူတွေ ပြောတာကတော့ စိုက်တဲ့အိမ်တိုင်း တစ်အိမ်ထောင်ကို(၅)သိန်းတောင်းတယ်ဆိုလား၊ ဒီလကုန် ရင်ပေးရမှာလေ။ သူတို့တပ်ဖွဲ့ဝင်တွေ တိုက်ပွဲမှာ ဒဏ်ရာရတာတွေကို ဆေးကုဖို့၊ လက်နက်တွေ၊ အ၀တ်အစားတွေ ၀ယ်ဖို့ တောင်းတာလို့ ပြောတာပဲ။ ကျွန်တော်တို့ တအာင်းလူမျိုးတွေ လွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာလို့ပြောပြီး နှစ်တိုင်း ငွေတွေကောက်နေတာပဲ” ဟု ရှောက်ပန်းကုန်း ရွာသားတစ်ဦ၏ ပြောပြချက်အရ သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် နမ့်ခမ်းမြို့နယ်အတွင်းရှိကျေးရွာများ၌ ဘိန်းစိုက်သူများ နှစ်စဉ်ဘိန်းခွန်ငွေများ ကောက်ခံ၍ ရပ်တည်နေသော အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။ အစိုးရဌာနဆိုင်ရာများ မလာ စေရန် အချို့ကျေးရွာများ၌ စိုက်ပျိုးထားသော ဘိန်းခင်းများကို TNLA အဖွဲ့မှ ဖျက်ဆီးပစ်ပုံများကို အင်တာနက်စာမျက်နှာ များ၌တင်ပြီး နာမည်ကောင်းယူလျက်ရှိသည်ဟု နမ့်ခမ်းမြို့ခံဝန်ထမ်းတစ်ဦးမှ ပြောပြခဲ့သည်။
ထို့ပြင် TNLA အဖွဲ့သည် ၄င်းတို့ ဘိန်းခွန်ယူထားသော ဘိန်းခင်းများအား လာရောက်မဖျက်ဆီးနိုင်ရန် အစိုးရတပ်များနှင့် တိုက်ပွဲများဖန်တီးပြီး ကာကွယ်ပေးထားခြင်းသာဖြစ်သည်ဟု သိရှိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here