ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပင်လယ်မြို့နယ်တွင် ဧပြီ (၁၄)ရက်
ညပိုင်းက တောင်ကြီးမူးယစ်(အထူး)အဖွဲ့မှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများနှင့်
လက်နက်ခဲယမ်းများဖမ်းဆီးရမိခဲ့သည်ဟု သိရှိရသည်။
ပင်လောင်း-လွိုင်ကော်ကားလမ်း မိုင်တိုင်အမှတ် ၅၅ / ၄ မိုင်တိုင်
ဆောင်းပြောင်းကျေးရွာအနီးတွင် မသင်္ကာဖွယ် ရပ်ထားသော D4D လိုင်စင်မဲ့ယာဉ်တစ်စီးအား ဧပြီ
၁၄ ရက်နေ့ ည ၁၂ နာရီချိန်တွင် မူးယစ် (အထူး)အဖွဲ့မှ ရှာဖွေ စစ်ဆေးရာ ယာဉ်မောင်း သိန်းတန်လွယ်ထားသော
အပြာရောင်မိုးကာစအတွင်း ပလပ်စတစ်ကပ်ခွာအိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၆၀၀၀)ပြား၊ ကာလတန်ဖိုး(၁၈၀၀၀၀၀၀)ကျပ်၊ M-20 အမျိုးအစား(နံပါတ်မပါ) ရွှေဝါရောင် ပစ္စတိုသေနတ်(၁)လက်၊
ကျည်အိမ်(၂)ခု)၊ ကျည်(၇)တောင့်၊ အရှည်(၁၀)လက်မခန့်ရှိ ရွှေဝါရောင် ဓားမြှောင် ၁ ချောင်းတို့အား
တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း မူးယစ်(အထူး)အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ
သိရသည်။
မူးယစ်ဆေးဝါးများနှင့် လက်နက်ငယ်ကိုင်ဆောင်သူ သိန်းတန်(၂၇)နှစ်(ဘ)
ဦးနု၊ ပအို့ဝ်/ဗုဒ္ဓ၊ ဆောင်းခါး ကျေးရွာနေသူအား ပင်လောင်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း
သိရှိရပါသည်။
စော်ဘွာလေး(Facebook)
