Sunday, June 30, 2013

နမ့်စန်မြို့ မြို့တော်ခန်းမတွင် လူသုံးကုန်ပစ္စည်းပြပွဲနှင့် အထူးဈေးရောင်းပွဲတော် ကျင်းပပြုလုပ်သွားမည်

0 comments
ဇွန်လ ၃၀ ရက်

ရှမ်းပြည်နယ် နမ့်စန်မြို့၊ ရပ်ကွက် ၂ ရှိ မြို့တော်ခန်းမတွင် အောင် သြဘာ ကုမ္ပဏီလီမီတတ်မှ ဦးစီး၍ လူသုံးကုန် ပစ္စည်းပြပွဲနှင့် အထူးဈေးရောင်း ပွဲတော် အား ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ ၇ ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီထိ ဆိုင်ခန်းပေါင်း ၃၅ ခန်းဖြင့် ကျင်းပပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဈေးရောင်း ပွဲတော်တွင် မီးဖိုချောင်သုံး ပစ္စည်းများ၊ စတီးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ အ၀တ်အထည်များ၊ ကလေးအသုံးအဆောင်များနှင့် မိုးရာသီသုံး ထီး၊ မိုးကာများကို ပြသရောင်းချ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here