Tuesday, June 11, 2013

မန်းတိုင်းအတွင်း တက္ကသိုလ်ဝင်တန်း ၄ ဘာသာနှင့်အထက်ဂုဏ်ထူးရှင် (၅)ထောင်ကျော်ထွက်ရှိ

0 comments

ဇွန်လ ၁၁ ရက်

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂-၂၀၁၃စာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများထဲမှ ဂုဏ်ထူးရှင်ပေါင်းငါးထောင်ကျော်ထွက်ရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်းလည်း တိုးလာကြောင်း သိရှိရသည်။

၂၀၁၂-၁၃စာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူပေါင်း ၇၅၂၈၂ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ ၂၉၇၁၅ဦးအောင်မြင်ခဲ့ပြီး ၆ဘာသာဂုဏ်ထူးရှင် ၁၅၆ဦးနှင့် ဂုဏ်ထူးရကျောင်းသား ကျောင်းသူ ၅၀၅၈၀ဦးရှိခဲ့ကြောင်းသိရသည်။

ယမန်နှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၇၀၉၉၈ဦးရှိခဲ့ပြီး အောင်မြင်သူမှာ ၂၃၅၂၉ဦး ရှိခဲ့ကြောင်း၊ ရာနှုန်းအားဖြင့် ၃၃.၁၄ရာနှုန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ဖြေဆိုသူ ၇၅၂၈၂ဦးဖြေဆိုခဲ့ရာ ရာနှုန်းအားဖြင့် ၃၉.၄၇ရာနှုန်း အောင်မြင်ခဲ့သဖြင့် ယမန်နှစ်ထက်စာလျှင် အောင်ချက်ရာနှုန်းတိုး မြင့် လာခဲ့ကြောင်းသိရသည်။

မန္တလေးမြို့နယ် (၅)မြို့နယ်အတွင်းတွင် ချမ်းအေးသာစံမြို့နယ်မှာ အောင်ချက်ရာနှုန်း အကောင်းဆုံး ဖြစ်ပြီး အောင်ချက်ရာနှုန်းအနည်းဆုံးမှာ ပြည်ကြီးတံခွန်မြို့နယ်ဖြစ်သည်။အောင်ချက်ရာနှုန်းများအဖြစ် ချမ်းအေး သာစံမြို့နယ်တွင် ၅၉.၈၃ရာနှုန်း၊မဟာအောင်မြေမြို့နယ်တွင် ၅၁.၅၃ရာနှုန်း၊ ချမ်းမြသာစည်မြို့နယ်တွင် ၄၂.၆၃ရာနှုန်း၊ အောင်မြေသာစံမြို့နယ်တွင် ၄၀.၂၄ရာနှုန်းနှင့် ပြည်ကြီး တံခွန် မြို့နယ်တွင် ၃၄.၀၀ ရာနှုန်းအောင်မြင်ခဲ့ကြောင်းသိရသည်။

‘အခုလို ကိုယ့်တိုင်းအတွင်းမှာ ဆယ်တန်းဂုဏ်ထူးရှင် ဒီလောက်ထွက်တော့ တိုင်းဂုဏ်တက်တာပေါ့” ဟု မန္တလေးမြို့ခံ ကိုနန္ဒကျော်ကပြောသည်။

မန္တလေးမြို့တွင်းရှိ ပုဂ္ဂလိကစာသင်ကျောင်းများ၏ အောင်ချက်ရာနှုန်းများတွင် ချမ်းအေးသာစံမြို့နယ် အတွင်းရှိ CAE ဘော်ဒါဆောင်မှ အောင်ချက်ရာနှုန်း ၉၇.၄၄ရာနှုန်းဖြင့် အများဆုံး အောင်မြင်ခဲ့ပြီး ELC ဘော်ဒါဆောင်မှ အောင်ချက်ရာနှုန်း ၈၉.၂၉ ရာနှုန်း အောင်မြင်ခဲ့သည်ဟု သိရသည်။

myitmakhamediagroup

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here