ဇွန်လ ၂၉ ရက်
၂၈.၆.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊လုံခြုံရေးတပ် ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ တပ်ထိပ်ကားမှတ်တိုင်တွင် အမှတ်(၄၃)လိုင်းယာဉ်ပေါ်မှ
ဆင်းလာသူ ခါးပိုက်နှိုက်မှတ်တမ်းဝင် မြင့်ဦး(ခ)စိုးမြင့်(ခ)ဂျပန်ကြီး၊ (ဘ)ဦးမောင်ချစ်၊ ကဒုံးစီးရပ်ကွက် ၊ ပေါင်မြို့နေသူအားစစ်ဆေးရှာဖွေရာ ၎င်းသည် အမှတ်၄၃လိုင်းယာဉ်အားအောင်မင်္ဂလာ အဝေးပြေး ကားဝင်းမှ လိုက်ပါစီးနင်းခဲ့ပြီးယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၏ အင်္ကျီအိတ်ကပ်အတွင်းမှGFIVE အမျိုးအစား ဟန်းဆက် ၁ လုံးနှင့် ငွေကျပ် ၉၂၀၀ကျပ် အားနှိုက်ယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သိမ်းဆည်းရမိသဖြင့်
မြင့်ဦး(ခ)စိုးမြင့် (ခ)ဂျပန်ကြီးအား လှိုင်သာယာမြို့မရဲစခန်း(ပ)၇၁၅/၂၀၁၃ ၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်
အရေးယူထားရှိပါသည်။
အလားတူ ၀၄၃၀ အချိန် လှိုင်သာယာမြို့နယ်၊တပ်ထိပ်မှတ်တိုင်တွင် အမှတ်(၄၃)လိုင်းယာဉ်ပေါ်မှဆင်း လာသူ ခါးပိုက်နှိုက်မှတ်တမ်းဝင်များဖြစ်သည့် လှိုင်သာယာမြို့နယ်နေသူများဖြစ်ကြသော ဌေးမောင်မောင်၊ (ဘ)ဦးမောင်အေး၊(၅)ရပ်ကွက်၊ ချစ်လွန်း၊ (ဘ)ဦးလှဘော်၊(၁၉)ရပ်ကွက်၊ သန့်ဇင်ဦး(ခ)ပေါက်စီ ၊ (ဘ)ဦးလှဦး၊ (၁၉) ရက်ကွက်နှင့်ရဲဝင်းကို၊ (ဘ)ဦးမြင့်ကို၊ (၁၉)ရပ်ကွက် တို့(၄)ဦးအားစစ်ဆေးရှာဖွေ ရာ ၎င်းတို့သည့် အမှတ်(၄၃)လိုင်းယာဉ်အား
သမိုင်းလမ်းဆုံမှတ်တိုင်မှ စီးနင်းလိုက်ပါခဲ့ပြီး ယာဉ်ပေါ်ပါ
အမျိုးသား တစ်ဦး၏ ကျောပိုးအိတ်အတွင်း မှငွေ ၁၅၄၀၀ကျပ်အား ၎င်းတို့၏ဘေးလွယ်အိတ်များဖြင့် အကာအကွယ်ပြုလုပ်ကာ ဇစ်ဖွင့်နှိုက်ယူခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်သိမ်းဆည်းရမိ သဖြင့် ဌေးမောင်မောင်၊ ချစ်လွန်း၊သန့်ဇင်ဦးနှင့် ရဲဝင်းကိုတို့အား လှိုင်သာယာမြို့မရဲစခန်း (ပ)၇၁၆/၂၀၁၃၊ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။
Yangon Police
Saturday, June 29, 2013
Subscribe to:
Post Comments (Atom)