Wednesday, June 26, 2013

SSA (၀မ်ဟိုင်း)မှ သားဖြစ်သူများ ထွက်ပြေးသွားသောကြောင်း ၄င်းတို့၏ ဖခင်များအား တပ်သားသစ်အဖြစ်စုဆောင်း

1 comments
ဇွန်လ ၂၆ ရက်

 

ဇွန်လ၂၄ရက်နေ့ကSSA(၀မ်ဟိုင်း)မှဗိုလ်ကြီးအဆင့်ရှိထွန်းကျော်ပါဝင်သော(၃၀)ဦးသည်ဟိုနားကျေးရွာသို့ ရောက်ရှိလာပြီး ဟိုနားရွာမှ ဦးခမ်းလှိုင် အသက်(၅၀)နှစ်၊ဦးအိုက်ပု အသက်(၅၂)နှစ်၊ဦးဆန်ဆောအသက် (၅၃)နှစ်ဦးစံမြတ်အသက်(၅၈)နှစ်အောင်ခမ်း(၃၀)နှစ်၊ရွှေလှ(၃၁)နှစ်နှင့်စံကျန်(၂၉)နှစ်တို့(၇)ဦးအားလူသစ်
အဖြစ်အတင်းအဓမ္မစုဆောင်းသွားကြောင်းသိရသည်။

စုဆောင်းခံရသူများတွင်ဦးလှိုင်းခမ်းမှာသားဖြစ်သူအိုက်ထွန်းလှအသက်(၂၈)နှစ်နှင့်အိုက်ရွှေးအသက်(၂၁)နှစ် တို့အားလူသစ်အဖြစ်စုဆောင်းခဲ့ပြီးနောက်ထွက်ပြေးခဲ့ဖြင့်စုဆောင်းခံရခြင်းဖြစ်ပြီးဦးအိုက်ပု၊ဦးဆန်ဆောနှင့် ဦးစံမြတ်တို့ကိုလည်းသားဖြစ်သူများထွက်ပြေးသွားသောကြောင့်ဖခင်များအားလူသစ်အဖြစ်စုဆောင်းသွားခဲ့
ခြင်းဖြစ်သည်ဟုရှမ်းအမျိုးသားတစ်ဦး၏ဆက်သွယ်ပြောပြချက်အရသိရပါသည်။

ထို့ကဲ့သို့SSA(၀မ်ဟိုင်း)အဖွဲ့၏ တယူသန်တဇွတ်ထိုးလုပ်ကိုင်သည့် ချဉ်ချဉ်တူးတူးမူးရင်ပြီးရောဆိုသည့် သဘောနှင့်သက်ကြီးရွယ်အိုများကိုမရှောင်SSA(၀မ်ဟိုင်း)အတွက်အင်အားပြည့်မီရေးကိုသာဦးတည်ဆောင် ရွက်နေသောလုပ်ရပ်များကြောင့်ကျေးလက်နေရှမ်းရွာကလေးများမှရှမ်းအမျိုးသားများဟာစိတ်သောကကြီးစွာ ရောက်နေကြသည်ဟုစိုင်းလင်းမှ ပြောပါသည်။

လားရှိုးသား

One Response so far.

  1. Unknown says:

    ကျေးဇူးပြု၍တင်ပေးပါခင်ဗျာ
    ရှမ်းပြည်တောင်ပိုင်း။တောင်ကြီးမြို့ နယ်။ရွှေညောင်မြို့  အနောက်ပိုင်း လွိုင်မင်းစဉ် ဘုရားအနောက်ပိုင်း။ဖက်နမ်ရွာသွားလမ်းဘေးတွင်ရှိသော အရက်ချက်စက်ရုံ ကြီးမှ နေ့ စဉ် အနံ့ ဆိုးများ ထွက်လျက်ရှိပြီး ပတ်ဝန်းကျင်အားညစ်ညမ်းစေလျက်ရှိပါသည်။မိုးရွာခြင်းနှင့်လေအနည်းငယ်တိုက်ပါက မိုင်ဝက်ခန့် ဝေးသောရွှေညောင်ဘူတာရပ်ကွက်သို့ ပါအနံ့ ဆိုးများရောက်ပါသည်။အနီးရှိ ရွာသူရွာသားများမှာ အိပ်ချိန်ဆိုလျင် ပုဝါ တဘက်စသည်များ ကိုယ်စီစည်းနှောင်ကာ အိပ်စက်ရပါသည်။ ရွာသားများမှာ သက်ဆိုင်ရာရုံးများသို့ တိုင်တန်းထားသော်လည်းမည်သည့်အရေးယူမှုမျှလုပ်ဆောင်ခြင်းမရှိခဲ့ပါ။ထို့ ကြောင့် ရွာသူရွာသားများ မှစုပေါင်းဆန္ဒ ဖေါ် ထုတ်ရန်တောင်းဆိုထားရာတွင်လည်း ခွင့်မပြုခဲ့ပါ ထို့ အတွက်ရှမ်းပြည်နယ် လေထုသန့် စင်ရေးနှင့် ပြဿနာများ မကြီးထွားရေးအတွက်အကူအညီတခုခုကိုမျှော်လင့်စွာဖြင့် ဤစာကိုပို့ လိုက်ပါသည် ခင်ဗျာ လိုအပ်ပါက ဓါတ်ပုံများပေးပို့ ပါမည်
    မိမိစာမိမိတာဝန်ယူပါသည်
    ရွာသူရွာသားများအားလုံးကိုယ်စား

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here