Saturday, June 15, 2013

ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုများတွင် လက်နက်ကိုင် အဖွဲ့အချို့ ပါဝင်ပတ်သက် နေသည်ဟု UNODC မြန်မာနိုင်ငံ တာဝန်ခံ ပြောကြား

0 comments

ဇွန်လ ၁၅ ရက်

ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုများတွင် လက်နက်ကိုင်အဖွဲ့ အချို့ပါဝင် ပတ်သက်နေသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မြန်မာနိုင်ငံတာဝန်ခံ Mr.Jason Eligh က ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် UNODC ရုံးတွင် ဇွန် ၁၃ ရက် နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ထည့်သွင်းဖြေကြားသည်။

ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးတွင် အခက်အခဲများ အနေဖြင့် စိုက်ပျိုးသည့်ဧရိယာ သောင်းနှင့် သိန်းနှင့်ချီသော ဧကများကို သောင်းသိန်းချီသော မိသားစုတွေကလည်း စိုက်ပျိုးနေကြခြင်း၊ ရှမ်းပြည်နယ် အတွင်းရှိ မတူညီသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ နေရာများတွင် ဘိန်းစိုက်ပျိုးခြင်းများ ပါဝင်ကြောင်း Mr.Jason Eligh က ပြောကြားသည်။
ယခင်ကာလများက တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ပြည်သူများအား ပြုစုပျိုးထောင်ပေးမှု မပြုလုပ်ပေးနိုင်ခဲ့သောကြောင့် ပြည်သူများက စားဝတ်နေရေး ဖြေရှင်းနိုင်ရန် ဘိန်းစိုက်ပျိုးရခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားပြီး ဖြစ်သောကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးသွားတော့မည် ဖြစ်ကြောင်း...

''တချို့သော လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဆိုလို့ရှိရင် ဘိန်းစိုက်ပျိုးတဲ့ နေရာတွေမှာ ငွေရေးကြေးရေး ထောက်ပံ့တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေမှာ ပါဝင်တယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေထဲက တစ်ခုကို ပြောရရင် ဒီမူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဒီလက်နက်ကိုင် အဖွဲ့အစည်း တွေကအစ အခက်အခဲတွေကို ထည့်စဉ်းစားရတာ ဖြစ်ပါတယ်'' ဟု Mr.Jason Eligh က ပြောကြားသည်။

UNODC အနေဖြင့် အစိုးရနှင့်ညှိနှိုင်းပြီး ၎င်းတို့၏ အခက်အခဲများကို အစိုးရဌာန များကလည်း သိရှိသင့်သလောက် သိရှိထားပါကြောင်း၊ UNODC အနေဖြင့် အစိုးရတွင် ရှိနေသော သက်ဆိုင်ရာ ဌာနများကို အကောင်းဆုံး အထောက်အပံ့ အကူအညီ ပေးနိုင်ရန် အမြဲတမ်း အဆင်သင့် ရှိနေပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းဝယ်၊ ဖောက်ကား၊ သယ်ဆောင်သည့် သူများကအစ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် သူများကို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း Mr.Jason Eligh က ပြောကြားသည်။

ယခင်ကာလများက တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ပြည်သူများအား ပြုစုပျိုးထောင်ပေးမှု မပြုလုပ်ပေးနိုင်ခဲ့သောကြောင့် ပြည်သူများက စားဝတ်နေရေး ဖြေရှင်းနိုင်ရန် ဘိန်းစိုက်ပျိုးရခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားပြီး ဖြစ်သောကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးသွားတော့မည် ဖြစ်ကြောင်း၊ လက်ရှိတွင် UNODC နှင့်လက်တွဲကာ မိုးနဲနှင့်မိုင်းပန် ဒေသများကို စံပြစီမံကိန်းများ လုပ်ဆောင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်က အဆိုပါ ရှင်းလင်းပွဲတွင် ပြောကြားသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here