UWSP/UWSA
‘ ၀ ’ အဖွဲ့အနေဖြင့် ‘ ၀ ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ‘ ၀ ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်
အဖြစ် အသိ အမှတ်ပြုရေးတောင်းဆိုခဲ့မှုနှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်မှုနှင့် ထောက်ခံမှုများ
အမျိုးမျိုး ထွက်ပေါ်ခဲ့ပြီးနောက် မိုင်းပေါက်ဒေသ တွင် ‘ ၀ ’ အဖွဲ့မှ ရဟတ်ယာဉ် (၂) စင်းဖြင့်
ရဟတ်ယာဉ်မောင်း သင်တန်းပို့ချခဲ့သည်ဟူသော သတင်းမှာ ဇွန် (၁၅) ရက်နေ့၌ ပြန် လည် ထွက်ပေါ်လာခဲ့သည်။
မိုင်းပေါက်ဒေသ၌
ရဟတ်ယာဉ်မောင်းစာတွေ့နှင့်လက်တွေ့သင်ကြားမှုအား (၂၀၁၃) ခုနှစ် ဇန်န၀ါရီလ တတိယပတ်မှ
မတ်လကုန် အထိပြုလုပ်ခဲ့ပြီး လက်တွေ့အမောင်းသင်ခြင်းကို အေပြီပထမပတ်မှ ဒုတိယပတ်အထိ
မိုင်းပေါက်နှင့် ပန်ဆန်းကြား သို့ ပျံသန်းလေ့ကျင့်ခဲ့ကြောင်း ၊ ရဟတ်ယာဉ် (၂) စင်းအား
တုံဖားကျေးရွာ အနီး အပန်းဖြေစခန်းနေရာတွင် ထားရှိခဲ့ပြီး အေပြီ တတိယပတ်တွင် မိုင်းပေါက်မှ
ပန်ဆန်းသို့ မောင်းနှင်သွားပြီး မိုင်းပေါက်သို့ ပြန်မလာတော့ကြောင်း ၊ရဟတ်ယာဉ်မောင်းသင်တန်း
ပို့ချစဉ် ဒေသခံ ပြည်သူများအား သတင်းမပေါက်ကြားစေရေးအတွက် နိုင်ငံတော်အစိုးရ အဖွဲ့မှ
အကြီးအကဲများ မိုင်းပေါက် ၊ ပန်ဆန်းဒေသသို့ လာရောက်ကြည့်ရှုဖြစ်သည်သည်ဟု ‘ ၀ ’ အဖွဲ့မှပြောဆိုခဲ့ကြောင်း မိုင်းပေါက်ဒေသရှိ တုံဖာကျေးရွာနေ မျက်မြင် ကိုယ်တွေ့ ဒေသခံရွာသားတစ်ဦး၏
ပြောပြချက်အရ သိရှိရပါသည်။
အဆိုပါရဟတ်ယာဉ်
(၂) စင်းဝယ်ယူခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ မဟုတ်မမှန်ကြောင်းနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်
ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေ (၇) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး
‘ ၀ ’ သွေးစည်းညီညွတ် ရေးပါတီမှ ဦးရှောင်မီးလျှန်း ကလည်း မေလ (၁၀) ရက်နေ့တွင် ပန်ဆန်း၌
ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ ဦးသိန်းဇော်နှင့် တွေ့ဆုံစဉ် က ဒေသတွင်းကလူတွေ
ဗဟုသုတရစေဖို့ သဘာဝ ဥယျာဉ်ကြီး တည်ဆောက်မှာဖြစ်ပြီး အဲဒီ ဥယျာဉ်ထဲတွင် ပြသရန် ထိုင်းနိုင်ငံမှ
အင်ဂျင်မပါသော ရဟတ်ယာဉ်တစ်စင်း၊ ဖော်ကာလေယာဉ်တစ်စင်း (စက်မပါ) ၊ မြစ်ကြောင်းသွားရေးယာဉ်တစ်စင်း
စုစုပေါင်း (၃) စင်းကိုဝယ်ယူခဲ့ခြင်း သာဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါသည်။
‘ ဝ
’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့နှင့် ‘ ၀ ’ အဖွဲ့ကြား အဆင်မပြေမှုများ ဖြစ်ပေါ်နေချိန် တွင်
အဆိုပါရဟတ်ယာဉ် (၂)စင်းဝယ်ယူခဲ့မှုအား ဖုံးကွယ်ထားမှုအပေါ် ပြဿနာများ တိုးပွားလာနိုင်ပြီး
တိုက်ပွဲများဖြစ်ပွားလာမည် ကို ဒေသခံတိုင်းရင်းသားများက စိုးရိမ်ထိတ်လန့်နေကြကြောင်း
သိရှိရပါသည်။