Wednesday, July 24, 2013

မေတ္တာရေး အဆင်မပြေမှုကြောင့် တိုက်ပေါ်မှ ခုန်ချရန် ကြိုးပမ်းသူ အမျိုးသမီးအား စတန့်မင်းသားများ ကယ်တင်

0 comments
24.7.2013

Photo: မေတ္တာရေး အဆင်မပြေမှုကြောင့် တိုက်ပေါ်မှ ခုန်ချရန် ကြိုးပမ်းသူ အမျိုးသမီးအား စတန့်မင်းသားများ ကယ်တင်

24.7.2013

အမေရိကန် ပြည်ထောင်စု ကာလီဖိုး နီးယားပြည်နယ် ဆန်တီယေဂိုမြို့ရှိ အဆောက်အအုံ တစ်ခုတွင် အရက်သေ စာသောက်စားထားပြီး ၁၄ လွှာမှ ခုန်ချရန် ကြိုးပမ်းခဲ့သည့်အမျိုးသမီးတစ်ဦးအား စတန့်မင်းသား အဖြစ် ရုပ်ရှင်လောကတွင် နာမည်ကြီးသော သရုပ်ဆောင် သုံးဦးက ကယ်တင် နိုင်ခဲ့ကြောင်း သိရ သည်။

အဆိုပါ အမျိုးသမီးသည် တိုက်ပေါ်မှ ခုန်ချမည်ဟု ခြိမ်းခြောက် ပြောဆိုနေစဉ် ၎င်းးစတန့် မင်းသားသုံးဦးက သူမအနီးသို့ တိတ်တဆိတ် ချဉ်းကပ်ခဲ့ပြီး သူမကိုယ်ကို ဖမ်းချုပ်ခဲ့ပြီးနောက် တိုက် အဖျား အစွန်းမှ ဆွဲယူ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Stunt 911 ဇာတ်ကားမှ စတန့်မင်းသား ဂရက်ဆားဂျင့်၊ စကော့ထ် စကက်တာနှင့် အားမို့စ်ကာဗာတို့ သုံးဦးသည် လုံခြုံရေး အစောင့်ဝန်ထမ်း တစ်ဦးကို သတိပေး၍ အရေးပေါ် လှေကားရ ယူ စေခဲ့ပြီး ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကို 23 ABC သတင်းဌာနက ဖော်ပြခဲ့သည်။

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရန် ကြိုးပမ်းသည့် အဆိုပါ အမျိုးသမီးအား ကယ်တင်ရန် အချိန် နှစ်မိနစ်သာ နောက်ကျသွားပါက သူမ၏အသက်ကို ကယ်တင်နိုင်မည် မဟုတ်ကြောင်း၊ မိမိတို့ သည် နေ့စဉ်နှင့်အမျှ စတန့်ပြကွက်များကို ပြုလုပ်နေရသောကြောင့် လျင်မြန်စွာ လုပ်ဆောင်နိုင်ခြင်း ဖြစ်သော်လည်း ၎င်းတို့ကိုယ်၎င်းတို့ သူရဲကောင်းများဟု မတွေးခေါ် ခဲ့ဘူးကြောင်း ဆားဂျင့် က ပြောကြားခဲ့သည်။ သေကြောင်း ကြံစည်ခဲ့သော အမျိုးသမီးသည် သူမ၏ ချစ်သူနှင့် လမ်းခွဲခဲ့ပြီးနောက် သူမနေထိုင်ရာ တိုက်ခန်းအတွင်း အရက်ကိုသာ စွဲစွဲမြဲမြဲ သောက်နေခဲ့ပြီး စိတ်ကျ ဝေဒနာ ခံစားရလျက်ရှိကြောင်း၊ သူမ၏ နေအိမ် လသာဆောင်တွင် အရက်ပုလင်းများဖြင့် ပြန့်ကျဲလျက် ရှိကြောင်း၊ သူမ၏ စိတ်ကျရောဂါကို ကုသရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

စတန့်မင်းသား သုံးဦး၏ လူမှုရေး စိတ်ဓာတ်မှာ လေးစားစရာ ကောင်းပြီး ၎င်းတို့သည် အန္တရာယ်များသော ကယ်တင်မှုကို အောင်မြင်စွာ လုပ်နိုင်ခဲ့သူများ ဖြစ်ကြောင်း ဆန်တီယေဂို ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကီဗင်မေယာက ပြောကြားခဲ့သည်။ 

မြ၀တီ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here