Wednesday, July 24, 2013

သစ်ခွဲသားတင်ဆောင်ထားသည့် ထော်လာဂျီယာဉ်အား ၀င်တိုက်သည့် ဆိုင်ကယ်သမား ပွဲချင်းပြီးသေဆုံး

0 comments
24.7.2013

ရှမ်းပြည်နယ်၊ ရပ်စောက်-ရွှေညောင်ကားလမ်းပေါ်ရှိ မိုင်တိုင် (၃၂)နှင့် (၃၄)အကြားတွင် ဇူလိုင်လ (၂၃)ရက်နေ့က သစ်ခွဲသားများအစွန်း ထွက်အောင်တင်ဆောင်ထားသည့် ထော်လာဂျီယာဉ်အား ဆိုင်ကယ်တစ် စီးမှ ၀င်တိုက်မိခဲ့သဖြင့် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့၊ မြို့ဦးရပ်ကွက်နေ မောင်အာကာမျိုးမှ အင်သစ်အမျိုးအစား ခွဲသားများ ထော်လာဂျီပေါ်သို့ တင်ဆောင်ပြီးမောင်းနှင်လာစဉ် ရပ်စောက်-ရွှေညောင်ကားလမ်း မိုင်တိုင်(၃၂နှင့် ၃၄)အကြား တွင် မောင်နေလင်းထွန်း(ရပ်စောက်မြို့နေသူ)နှင့် ကျော်ဇေယျာဝင်းသိန်းတို့နှစ်ဦးမောင်းနှင်လာသောဆိုင်ကယ်မှ ထော်လာဂျီအား နောက်မှဝင်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ နေလင်းထွန်းသည် သစ်ခွဲသားအချွန်များ ရင်ဘတ်ဖောက်ဝင်ဒဏ်ရာဖြင့်ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျော်ဇေယျာဝင်းသိန်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ ကြောင်းသိရသည်။

ဆိုင်ကယ်မဆင်မခြင်မောင်းနှင်မှုဖြင့် အာကာမျိုးနှင့် နေလင်းထွန်းတို့အား ရပ်စောက်ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄(က)ဖြင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here