ဇူလိုင်လ(၃၀)ရက်
မန်းစည်ပင်ဧရိယာအတွင်း လေလံစနစ်ဖြင့် ကောက်ခံခွင့်ပေးထားသော
ယာဉ်အပ်နှံရာနေရာများတွင် အခကြေးငွေပိုမိုတောင်းခံပါက တိုင်ကြားနိုင်ကြောင်း မန်းစည်ပင်အခွန်ဌာနမှ သိရသည်။
ယာဉ်ရပ်နားရာနေရာများနှင့် ယာဉ်အပ်နှံခ တောင်းခံသူများသည် မခြေမငံဆက်ဆံခြင်းနှင့်
အဖိုးအခပို မိုတောင်းခံမှုများရှိသောကြောင့် အများပြည်သူစိတ်အနှောက်အယှက်ဖြစ်ရကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
ဘယ်နားရပ်ရပ်တော့ သုံးရာပါပဲ။ ကျွန်တော်တို့က တရားဝင်သတ်မှတ်ထားတယ်ထင်လို့ သုံးရာပေး
လိုက်တာပဲ။ ပိုတောင်းတာဆိုရင်တော့ စည်ပင်ကိုတိုင်မယ်ဟု ဆေးကုမ္မဏီဝန်ထမ်းအမျိုးသားတစ်ဦးက ပြော သည်။
မန်းစည်ပင်နယ်နမိတ်အတွင်း တစ်နှစ်လျှင်တစ်ကြိမ် ယာဉ်ရပ်နားခနှင့် ယာဉ်အပ်နှံခနေရာများအတွက် လေလံပစ်ကာလုပ်ကိုင်စေပြီး တရားဝင်သတ်မှတ်ထားသည့် ဈေးနှုန်းများမှာ ယာဉ်ရပ်နားခမှာ စက်ဘီးတစ်နှင့် ဆိုင်ကယ်တစ်ဦးလျှင်
တစ်နာရီအတွင်းရပ်ပါက ၅၀ကျပ်၊ တစ်နာရီကျော်ပြီး အချိန်ဘယ်လောက်ကြာကြာ တစ်ရာကျပ်ဖြစ်ပြီး ကားမှာ တစ်နာရီအတွင်း တစ်ရာကျပ်၊ တစ်နာရီကျော် အချိန်ဘယ်လောက်ကြာကြာရပ်ပါ က နှစ်ရာကျပ်ဖြစ်ကြောင်း မန်းစည်ပင် အခွန်ဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီ