ဇူလိုင်လ(၃၀)ရက်
►နေမင်းရဲ့ယာဉ်မောင်း-ကိုမင်းမင်း
"ကျွန်တော်က မနက်မိုး လင်းတာနဲ့ ရှုတင်က ဘယ်မှာရှိ လဲဆိုတာကို အရင်မေးတယ်။ ကြိုသွားသင့်တဲ့နေရာမျိုးဆို ကြို ပြီးသွားရတယ်။ အခုက လမ်း တွေကတအားပိတ်တော့ ကြိုပြီး တော့ အိမ်ကနေထွက်ရတယ်။ ယာဉ်မောင်းတဲ့အခါမှာလည်း ကားတွေက တအားရှုပ်တော့ တအားသတိထားပြီးတော့ မောင်း ရတယ်။ ကိုယ်မောင်းတဲ့ကားကို လိုက်ပြီးစီးတဲ့သူက အနုပညာ ရှင် ဖြစ် တော့ အန္တ ရာယ်ကင်းအောင် အကောင်းဆုံး သတိထားပြီး မောင်းရတယ်။ မျက်လုံးရော၊ နားရောအားလုံး စွင့်ထားရတယ်။ အိမ်ကနေစပြီး မထွက်ခင်ကတည်းကလမ်းကြောင်း တွေကို စီစဉ်ရတယ်။ဘယ်လမ်း ကြောင်းကပိုပြီးအမြန်ရောက်နိုင် မလဲဆိုပြီးစီစဉ်ရ တယ်။နယ်ကို အလုပ် ကိစ္စနဲ့သွားရင်လည်း အစစအရာ ရာ ဂရုစိုက်ရတယ်။ နယ်ကိုသွားရင်ကိုနေမင်းက သူ့ဘာ သာသူမောင်းတာမျိုးလည်းရှိ တယ်။
အဲဒီအခါကျရင်လည်း ဘေးကနေ လမ်းကြောင်းတွေကို သတိ ပေး ပြီးပြောပေးတယ်"