Saturday, July 27, 2013

မေ့သွားလို့

0 comments

ဇူလိုင်လ (၂၇) ရက်

ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးသမား တစ်ဦးဟာ ပရိတ်သတ် ထောင်သောင်းများစွာကို ဟောပြောနေပါတယ် ။

" ကျွန်တော့်ဇနီး မဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ခွင်မှာ နေခဲ့ရတဲ့ အချိန်တွေဟာ ကျွန်တော့ဘဝရဲ့ အပျော်ဆုံး အချိန်တွေပါပဲ "
... ...လို့ ပြောပြီး စကားကို ခဏ ရပ်လိုက် တယ် ။

ပရိတ်သတ်တွေ ဆွံ့အသွားကြတယ် ။ အသံအားလုံးလဲ တိတ်ဆိတ်ကုန်တယ် ။ သူတို့လေးစားတဲ့ ဒီနိုင်ငံရေးသမားဟာ ဘာလဲ ? ဘယ်လိုလဲ ? ပေါ့ ။

ခဏနေတော့ သူက ဆက်ပြောတယ် ။

" အဲဒီမိန်းမကတော့ ကျွန်တော့်အမေပါပဲ "

အော်...ဒီလိုကိုး...ဟား ဟား...
ရွှီး...ဖြောင်း...ဖြောင်း...ဖြောင်း...

ဒီစကားကို ပရိတ်သတ်တစ်ယောက် ဖြစ်တဲ့ ကိုနောင် သဘောကျသွားတယ် ။

အိမ်ပြန်ရောက်တော့ သူ့မိန်းမကို ပြောကြည့်မယ် ဆိုပြီး မီးဖိုထဲကို ဝင်သွားတယ် ။
အရက် ၂ ခွက် အရင်သောက်လိုက်တယ် ။ ပြီးတော့ စပြောပါတော့တယ်...

" ငါ့ဇနီးမဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ခွင်မှာ နေခဲ့ရတဲ့ အချိန်တွေဟာ ငါ့ဘဝရဲ့အပျော်ဆုံး အချိန်တွေပါပဲ "

သူ အဲဒီလိုပြောပြီး စကားကို ခဏရပ်လိုက်တယ်...

သူ့မိန်းမမျက်နှာ နီရဲလာတယ် ။ အသားတွေလဲ တဆတ်ဆတ် တုန်လာတယ် ။

ဒုတိယစကားကို ဆက်ပြောဖို့ ကိုနောင် စဉ်းစားတယ် ။ နဲနဲမူးနေတော့ စဉ်းစားလို့ မရဘူး ဖြစ်နေတယ် ။စဉ်းစားတယ်...စဉ်း စား တယ်.....။

ဘယ်လိုမှ စဉ်းစားလို့မရတော့ သူ့ဟာသူ ညည်းတွားလိုက်တယ် ။

" သူ ဘယ်သူလဲဆိုတာ ငါ မေ့နေပြီ "...တဲ့။

အဲ... အဲ့ဒီနောက်မှာတော့ လောကကြီး မှောင်အတိ ကျသွားတယ် ။

ကိုနောင် သတိပြန်လည်လာတော့ ဆေးရုံကုတင်ပေါ်မှာ..။

ဘာတွေဖြစ်ခဲ့ပါလိမ့် ဆိုတာကို ပြန်တွေးကြည့်မိတော့.....

သူတစ်ခုခုပြောဖို့ စဉ်းစားတယ် ။

အဲဒီအချိန်မှာ သူ့မိန်းမလက်ထဲ ငရုတ်ကျည်ပွေ့ ကိုင်ထားတယ် ဆိုတာကို တဖြည်းဖြည်း သတိရလာပါတော့တယ်။ ။

ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here