ဇူလိုင်လ(၃၁)ရက်
ဂျပန်နိုင်ငံတွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် လူတစ် ဦးသေဆုံးပြီး
နှစ်ဦးပျောက်ဆုံး နေကြောင်း ဇူလိုင် ၂၉ရက်တွင် အစိုးရဌာနကပြောခဲ့ပြီး မုန်တိုင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ၏အနောက်တောင်ဘက်ကမ်း ရိုးတန်းဒေသဖြစ်သော ယာမာဂူချီတွင် မြေပြိုကျမှုကြောင့် ပျက်စီးသွားသည့် အိမ်တစ်အိမ်ထဲတွင် အသက် ၇၉နှစ်အရွယ် အမျိုးသမီးတစ်ဦး၏အလောင်းကို ဇူလိုင် ၂၈ ရက်
က တွေ့ရှိခဲ့ရ ပြီး မြစ်ရေကြီးမှုကြောင့် အသက် ၈၄နှစ်အရွယ် အဘိုးအို တစ်ဦး ပျောက်ဆုံးနေသည်ဟု ရဲနှင့်တခြားရုံးသတင်းများ ကိုးကားပြီး
ပြည်နယ်သတင်းတွင် ဖော်ပြခဲ့သည်။
ထို့အပြင် ယာမာဂူချီ၏ မြောက်ဘက်ရှိ ရှိမာနီတွင် အသက် ၂၄နှစ်အရွယ်
အမျိုးသား တစ်ဦးပျောက်ဆုံးနေကြောင်းလည်း သိရသည်။
ပုံမှန်မဟုတ် သောမိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြိုမှု၊ ရေကြီးမှု များဖြစ်လာနိုင်သည့်အပြင် ဂျပန် နိုင်ငံ အလယ်ပိုင်းတွင် ပြင်းထန် သော
မုန်တိုင်း တိုက်ခတ်နိုင် ကြောင်း ဂျပန်မိုးလေဝသဌာနမှ ဇူလိုင် ၂၉ရက်က သတိပေးခဲ့ ကြောင်း သိရသည်။
Yangon Media Group