သြဂုတ်လ(၂)
ဘ၀အောင်မြင်ရေး သြ၀ါဒပေးပါဦးဆိုတော...
အချိန်ရဲ. တန်ဖိုးကိုသိပြီး အချိန်ကို မိမိရရ
အသုံးချပါလို့ ဘဲ ပြောချင်ပါတယ်။
... အချိန်နဲ့ အမျှ စီးဆင်းနေပါစေ။ အချိန်နဲ့ အတူ အချိန်မီ
လိုက်ပါသွားရင် လိုရာပန်းတိုင်ရောက်နိုင်ပါတယ်။
မြစ်ရေစီးနဲ.အတူ ခရီးနှင်နေတဲ့ သဲနှင့်ဖွဲကိုပဲ ကြည်.ကြပါစို့ ။
လေးလံတဲ့ သဲတွေက မြစ်ရေအောက်ကနေ ဖြည်းဖြည်းနှေးနှေး
လေးလေးလံလံ တရွေ.ရွေ့ သွားနေကြတယ်။
ပေါ့ပါးတဲ့ဖွဲတွေက မြစ်ရေပေါ်မှာ မြန်မြန်သွက်သွက်
လိုက်ပါသွားကြတယ်။
ဒီလိုပဲ၊ ပျင်းရိလေးကန်နေသူတွေ ခေတ်ရေစီးမှာ
အောက်က သွားရလိမ့်မယ်။
ပေါ.ပါးဖျတ်လတ် အချိန်ကို အသုံးချတတ်သူသာ
အပေါ်က သွားရလိမ်.မယ်။ ဒါကြောင့် လောကီမှာ သဲလိုမလေးနဲ့ ။ လေးလံနေရင် နောက်ကျကျန်နေခဲ.မယ်။
ဖွဲလို ပေါ့ပါးသွက်လက် ရှေ့ ကိုတက်။
ပျင်းရိလေးလံခြင်းဟာ ကိုယ်စိတ်နှစ်မျိုး
တိုးတက်အောင် မလုပ်နိုင်ဘူး။
ပေါ့ပါးသွက်လက်ခြင်းကသာ မိမိဘ၀ကို
နေသားတကျ အသုံးချခြင်းလို့  ဆိုနိုင်တယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(၁၉၉၉ ခုနှစ် ၊ နတ်တလူတောရ သြ၀ါဒ)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့ အရိပ