Tuesday, August 27, 2013

ကျိုင်းတုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အရှင်အရဟံရုပ်တုနှင့် အနော်ရထာရုပ်တုတို့ လဲကျပျက်စီး

0 comments

27.8.2013

၂၄-၈-၂၀၁၃ ရက်နေ့ ၂၃၄၀ အချိန်မှစ၍ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ၂၅-၈-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန် ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ စွန်ဆပ်ကုန်းရပ်ရှိ ရပ်တော်မူဘုရားကြီးနှင့် ယဉ်ကျေးမှုပြတိုက်ကြားတွင် ၂၀၁၁ ခုနှစ်က တည်ဆောက်ထားသော အရှင်အရဟံအား အနော်ရထာမှ ဗုဒ္ဓပိဋကတ်ကျမ်းဆက်ကပ်နေသည့် အမြင့် ၆ ပေခန့်ရှိ ရုပ်တု ၂ ခုအနက် အရှင်အရဟံရုပ်တု၏အောက်ခြေယိုင်ကျကာ အနော်ရထာရုပ်တုပေါ်သို့ လဲကျခဲ့ပြီး ရုပ်တု ၂ ခု ပျက်စီးသွားခဲ့သည်။ အဆိုပါ ရုပ်တု ၂ ခု တည်ဆောက်စဉ်က ငွေကျပ်သိန်း (၁၅၀)ခန့်ကုန်ကျခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်ရန် ကျပ်သိန်း(၁၂၀)ခန့် ကုန်ကျမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ရဲဇာနည်

cokodmoe

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here