Tuesday, August 27, 2013
ပြည်တွင်းအများပိုင်ကုမ္ပဏီအားလုံးစတော့ဈေးကွက်အတွင်း ဝင်ကစားရန် အဆင့်သင့်မဖြစ်သေး
Categories :
27.8.2013
သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
၂၀၁၅ခု နှစ် စတော့ရှယ်ယာဈေးကွက်အ တွက် ရည်ရွယ်ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီ ၈ဝကျော် ဖွဲ့ စည်းပြီးဖြစ်သော်လည်း အဆိုပါ ဈေးကွက်အတွင်း ဝင်ကစားနိုင်မည့် ကုမ္ပဏီအရေအတွက်မှာ ငါးခု ဝန်းကျင်သာရှိနိုင်ကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက် တာမောင်မောင်သိမ်းက ပြော သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှခွင့်ပြုထားသည့် အ များပိုင်ကုမ္ပဏီအရေအတွက်မှာ ယခုနှစ်နှစ်အတွင်း အခု ၈ဝကျော် ရှိနေသော်လည်း ယင်းကုမ္ပဏီ များအားလုံး စတော့ဈေးကွက်အ တွင်းဝင်ကစားရန် မဖြစ်နိုင်သေး ကြောင်း ဘဏ္ဍာရေး ဒု-ဝန်ကြီး ကပြောဆိုထားသည်ဟု စတော့ ရှယ်ယာဈေးကွက်ပညာရှင်ဦးကျူး ခေါင်က ပြောသည်။
စတော့ရှယ်ယာဈေးကွက် ပညာရှင်ဦးကျူးခေါင်က ''ဘဏ္ဍာရေး ဒု-ဝန်ကြီးက ရှေ့တစ်ပတ် စတော့ ရှယ်ယာဈေးကွက်ဖော်ဆောင်ရေး အစည်းအဝေးပွဲမှာ ပြောဆိုထား တာက မြန်မာနိုင်ငံမှာရှိတဲ့ အ များပိုင်ကုမ္ပဏီအားလုံးက ဒီဈေး ကွက်ထဲဝင်ကစားနိုင်လောက် အောင် အဆင်သင့်မဖြစ်သေးတဲ့ အတွက် ၂၀၁၅အမီဖြစ်ဖို့ ပိုမိုအ လုပ်လုပ်ဖို့ ကျွန်တော်တို့ကို ပြောဆို ထားတာပါ''ဟု ဆိုသည်။
ယင်းက ဆက်လက်ပြောဆို ရာတွင် ''ကျွန်တော်တို့နိုင်ငံလိုမ ပြောနဲ့၊ ကမ္ဘာ့စတော့ဈေးကွက် ကြီးလေးခုထဲမှာပါတဲ့ ဂျပန်နိုင်ငံ မျိုးမှာတောင်မှ အများပိုင်ကုမ္ပဏီ တွေရဲ့အရေအတွက်က အများ ကြီးရှိနေတယ်ဆိုပေမယ့် တကယ် ဝင်ကစားတဲ့အရေအတွက် သုည ဒသမ ၁ရာခိုင်နှုန်းပဲရှိတဲ့အတွက် မြန်မာနိုင်ငံက ကုမ္ပဏီတွေမှာ လက်ငါးချောင်းမပြည့်တာ အား ငယ်စရာမလိုပါဘူး။ ကျွန်တော်တို့ အနေနဲ့ ပညာရှင်တွေနဲ့ စုပေါင်း ပြီးလုပ်မယ်ဆိုရင် ၂၀၁၅မှာ အ ဆင်သင့်ဖြစ်မှာပါ''ဟု ဆိုသည်။
၂၀၁၅ခုနှစ်တွင် ပေါ်ပေါက် လာမည့ှ်အသခု Stock Market အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အများပိုင်ကုမ္ပဏီများ တိုးချဲ့နေ ရာ ၂၀၁၃ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကုမ္ပဏီ ပေါင်း ၈ဝကျော်လာပြီဖြစ်သည့် အတွက် မူလပမာဏထက် ပုဂ္ဂလိ က ကုမ္ပဏီ ၆ဝကျော်တိုးတက်လာ ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် ထံမှ သိရသည်။
အမျိုးသားစီမံကိန်းနှင့်စီး ပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှုးချုပ်ဦးအောင် နိုင်ဦးက ''ယခင်အစိုးရလက်ထက် က ပုဂ္ဂလိကကုမ္ပဏီအရေအတွက် ကဆိုရင် အခု ၂ဝကျော်ပဲရှိတယ်။ အဲဒီအထဲမှာလဲ တကယ်အသက် ဝင်တာက ၁ဝခုသာရှိတာဆိုတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာ အတော်လေးတိုးတက်လာတာ'' ဟု ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အ နေဖြင့် ဂျပန်နိုင်ငံ Diwar အဖွဲ့ အစည်းနှင့်ပူးပေါင်းကာ ပြည်တွင်း အများပိုင်ကုမ္ပဏီများအား နည်း ပညာအကူအညီများပေးနေသည့် အပြင် ဥပဒေပိုင်းတွင်လည်း ခိုင် မာမှုရှိရန်အတွက် ဝန်ကြီးဌာနမှ နှစ်စဉ်အစည်းအဝေးပွဲများ တွန်း အားပေးလုပ်ဆောင်ရန်နှင့် စာရင်း ဇယားအပိုင်းအား စစ်ဆေးခြင်း များပြုလုပ်၍ အများပိုင်ကုမ္ပဏီနှင့် အညီဖြစ်လာစေရန် ကြပ်မတ်လုပ် ဆောင်နေသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိ ရသည်။
စီးပွားရေးနှင့် ဥပဒေအကြံ ပေး ဦးတင်သန်းဦးက ''အများပိုင် ကုမ္ပဏီတွေပေါ်တာ ကောင်းပါ တယ်။ ဒါပေမဲ့ အများပိုင်ကုမ္ပဏီ တွေအနေနဲ့ ဒီဈေးကွက်အတွင်း ဝင်ကစားမယ်ဆိုရင်တော့ စတော့ ကစားချင်လို့ ဝင်လာတာလား။ အ ရင်းအနှီးချဲ့ထွင်ချင်လို့ ဝင်ကစား တာလား သိဖို့လိုပါတယ်။ နိုင်ငံ တကာမှာ စတော့ဈေးကွက်ထဲက ကုမ္ပဏီတွေက သူတို့လုပ်ငန်းကို ချဲ့ထွင်ဖို့ အရင်းအနှီးစုဆောင်း တဲ့အနေနဲ့ပဲဝင်တာ။ ဒါကြောင့် တကယ်နာမည်ကြီးတဲ့ ဘယ်ကုမ္ပဏီ ကမှ စတော့ဈေးကွက်ထဲမှာမရှိ ပါဘူး။ နောက်တစ်ချက်က အစိုး ရပိုင်းက ဒီဈေးကွက်ထဲဝင်ကစား တဲ့ကုမ္ပဏီတွေတိုးဖို့ ဥပဒေတွေနဲ့ သေချာလုပ်ဆောင်ပေးဖို့လိုသလို စတော့ဝယ်မယ့်သူတွေကို ကာကွယ် ပေးဖို့လဲ စဉ်းစားရမယ်''ဟုဆိုသည်။
အေးချမ်းမွန် Credit To > Yangon Media Group
Subscribe to:
Post Comments (Atom)