Tuesday, August 20, 2013

မြင်းခြံမြို့နယ်ရှိ ဆီမီးခုံ တစ်ဝိုက်တွင် ကုမ္ပဏီတစ်ခုက ရေနံစမ်းသပ် ရှာဖွေလျက်ရှိရာ ဆုံးရှုံးနစ်နာမှုများ အတွက် ဒေသခံများကို လျော်ကြေးပေးမည်ဟု သိရ

0 comments

သြဂုတ်လ(၂၀)
Photo: မြင်းခြံမြို့နယ်ရှိ ဆီမီးခုံ တစ်ဝိုက်တွင် ကုမ္ပဏီတစ်ခုက ရေနံစမ်းသပ် ရှာဖွေလျက်ရှိရာ ဆုံးရှုံးနစ်နာမှုများ အတွက် ဒေသခံများကို လျော်ကြေးပေးမည်ဟု သိရ 

20.8.2013

မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံတစ်ဝိုက်နှင့် ကုလရွာ တစ်ဝိုက်တွင် ရေနံတူးဖော်ရေး ကုမ္ပဏီများမှ လာရောက်၍ ရေနံစမ်းသပ် ရှာဖွေလျက် ရှိကြောင်း သိရသည်။ အဆိုပါ ရေနံစမ်းသပ် ရှာဖွေမှု ပြုလုပ်နေစဉ် ကာလအတွင်း သီးနှံပျက်စီးမှုများ၊ မြေယာပျက်စီး ဆုံးရှုံးမှုများအတွက် လျော်ကြေးငွေများ ပေးအပ်သွားမည်ဟု သိရသည်။

''ရေနံရှာဖွေရေး ကုမ္ပဏီတွေ ရေနံစမ်းသပ် လာရောက်ရှာဖွေ နေကြပါတယ်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကတော့ လုပ်ငန်းဆောင်ရွက် နေစဉ်အတွင်း ပျက်စီးဆုံးရှုံးမှုတွေ အတွက် လျော်ကြေးပေးမယ်လို့ အကြောင်းကြားစာ ပေးပို့ထားပါတယ်။ Asia Orient International Ltd နှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြောင်း သိရတယ်။ လာရောက်ရှာဖွေတဲ့ လက်ရှိအဖွဲ့ကတော့ Sub-Contractor ဖြစ်တဲ့ Honghua Co,Ltd ဖြစ်ကြောင်း သိရပါတယ်။ ဆုံးရှုံးနစ်နာကြေး အတွက် လျော်ကြေးငွေများကိုတော့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးက သတ်မှတ်ပေးတဲ့ ဒေသပေါက်ဈေး နှုန်းထားအတိုင်း ပေးလျော်မယ်လို့ သိရတယ်'' ဟု ဆီမီးခုံကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

''ကုလရွာနှင့် ဆီမီးခုံကြားက လယ်ယာမြေတွေ အပေါ်မှာ ကုမ္ပဏီတွေက ရေနံစမ်းသပ် ရှာဖွေနေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ကတော့ မိုးလည်းရွာထားတော့ စိုက်ပျိုးသီးနှံတွေလည်း ရှိပါတယ်။ မြစ်ရေတင် စိုက်ပျိုးနေတဲ့ အကွက်တွေလည်း ရှိတယ်။ ယာခင်းထဲကို လွန်ခဲ့တဲ့ နှစ်ရက်လောက်က ၀ိုင်ယာကြိုးတွေနဲ့ ရေနံရှာ ကိရိယာတွေ တူးမြှုပ်နေတာ တွေ့ရပါတယ်။ ဒီနေ့မနက်တော့ စက်ယန္တရားတွေနဲ့ ပိုက်လိုင်းချဖို့ လုပ်နေကြပါတယ်။ အခုစမ်းသပ် ရှာဖွေတဲ့နေရာတွေက လယ်ယာမြေတွေမှာ နစ်နာဆုံးရှုံးမှုတွေ အတွက် လျော်ကြေးပေးမယ် လို့တော့ ပြောပါတယ်'' ဟု ဆီမီးခုံမှ ဒေသခံတောင်သူ ဦးအောင်သူက ပြောကြားသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံတွင် ရေနံစမ်းသပ် ရှာဖွေမှုများ ပြုလုပ်လျက်ရှိရာ ဒေသခံတောင်သူများ၏ လယ်ယာမြေများ ပေါ်တွင် ရှာဖွေရေးအဖွဲ့၏ စက်ယန္တရားများ၊ ကားများ ဖြတ်သန်း မောင်းနှင်ခြင်းများရှိ၍ ပျက်စီးဆုံးရှုံး နစ်နာမှုများရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယခင် မြန်မာ့ဆိုရှယ်လစ် ခေတ်ကလည်း အဆိုပါ နယ်တစ်ဝိုက်တွင် ရေနံရှာဖွေရေး အဖွဲ့များက လယ်ယာမြေများပေါ်တွင် စမ်းသပ်မှုတချို့ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

EMG

ဆီမီးခုံတွင် ရေနံစမ်းသပ် ရှာဖွေမှုများ ပြုလုပ်လျက်ရှိရာ ဒေသခံ တောင်သူများ၏ လယ်ယာမြေများပေါ်တွင် ရှာဖွေရေးအဖွဲ့၏ စက်ယန္တရားများကို တွေ့ရစဉ်

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here