Friday, August 16, 2013

ထိုင်းနဲ့မြန်မာတို့ ရိုဟင်ဂျာကိစ္စ ဆွေးနွေး

0 comments
သြဂုတ်လ(၁၆)ရက်
ထိုင်းနိုင်ငံမှာဖမ်းဆီးခံရတဲ့ရိုဟင်ဂျာတွေ (Credit: AFP)
ထိုင်းနိုင်ငံမှာထိန်းသိမ်းခံထားရတဲ့ရိုဟင်ဂျာတွေရဲ့အရေးကိစ္စကိုအဖြေရှာဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပွန် တိုဝီးချတ်တို့ မနေ့က တွေ့ဆုံခဲ့ကြ တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာ အင်္ဂလိပ်ပိုင်းရဲ့ဖော်ပြချက်အရ ထိုင်းနိုင်ငံက ရိုဟင်ဂျာတွေကို ထိန်းသိမ်းထားတာ ခြောက်လလောက် ကြာလောက်ရှိသွားပြီး ဖြစ်တဲ့အတွက် ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးနဲ့ လူသားခြင်း စာနာထောက်ထားတဲ့ အကူအညီတွေ ရရှိအောင် နည်းလမ်းသစ်တရပ် ရှာဖွေနေရတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီကိစ္စတွေကို နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ဆွေးနွေးအဖြေရှာ သွားဖို့ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဝန်ကြီးဌာနကတော့ ထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံတောင်ပိုင်းဒေသကနေ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ တခြားကျယ်ဝန်းတဲ့ နေရာ တနေရာရာမှာ ရွှေ့ပြောင်းထားချင်တဲ့အကြောင်း ကမ်းလှမ်းထားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအနေနဲ့ ထိုင်းနိုင်ငံမှာ တရားမ၀င်ပဲ လှေတွေနဲ့ ရောက်လာတဲ့ ပြီး ရိုဟင်ဂျာတွေ တစ်ထောင့်ခုနှစ်ရာကျော်လောက်ရှိပြီး အရင်က စာရင်းအရဆိုရင် အယောက် နှစ်ထောင်လောက်ရှိပေမယ့် မကြာသေးခင်ကပဲအယောက်သုံးရာလောက်ကထိန်းသိမ်းရေးစခန်းကနေ ဖောက်ထွင်းထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

ABC Radio Australia

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here