သြဂုတ်လ(၈)ရက်

မိဘကျေးဇူးကို အသိဆုံး အချိန်ပာာ ကိုယ်တိုင် မိဘဖြစ်တဲ့ အချိန်ပါပဲ။
အဖေ့ ကျေးဇူးကို အသိဆုံး အချိန်ပာာ ကိုယ်တိုင် လှုပ်ရှား ရုန်းကန်ရတဲ့ အချိန်ပါပဲ။
အမေ့ကျေးဇူးကို အသိဆုံး အချိန်ပာာ အမေ မရှိတော့တဲ့ အချိန်ပါပဲ။
အထူးသဖြင့် ၀ါးခြမ်းစိတ်နဲ့ ရိုက်ခဲ့တုန်းက အမေ့ကို မုန်းချင် မုန်းမယ်။
ပာင်းကောင်းမချက်လို့ အမေ့ကို တစ်ခါတလေ ငြိုငြင်မယ်။
မုန့်ဖိုးမပေးလို့ စိတ်ကောက်ချင် ကောက်မယ်။
ဒါတွေပာာ အမေလို့ တရှိုက်မက်မက် ရင်ထဲက ခေါ်ခွင့်မရှိတော့မှ တကယ်သိလာတာပါ။
အဖေက မိသားစုအပေါ် နားလည်မှုပေးနိုင်တယ်။ အရာရာ ဖြောင်းဖြ တယ်။
လိုရာမရတဲ့အခါလည်း အဖေ့ကို စိတ်နာမိသလိုဖြစ်ကောင်းဖြစ်မယ်။
ဒါပေမယ့် အဖေမရှိတော့တဲ့အခါဆိုရင် ဘယ်လိုများနေမလဲ။
သေချာတာက မိဘပာာ သေချာပေါက် သေဆုံးသွားရမယ့် လမ်းခွဲ စွန့်လွှတ်ရမယ့် လူတွေပါ။ မသေခင်လေးမှာတော့ အခွင့်ကောင်းရင် ပြုစု လုပ်ကျွေးပြီး ကုသိုလ်ယူလိုက်ကြပါ။
ပြည်ငြိမ်း