Wednesday, August 7, 2013

အလှစိုက်ပန်းပင်များကြား ဆေးခြောက်ပင် ရောနှောစိုက်ပျိုးမှု တွေ့ရှိ

0 comments

သြဂုတ်လ(၇)ရက်

Photo: အလှစိုက်ပန်းပင်များကြား ဆေးခြောက်ပင် ရောနှောစိုက်ပျိုးမှု တွေ့ရှိ

7.8.2013

မြို့တော်ကောင်စီမှာ တာဝန်ရှိသူများသည် ပန်းအိုးများထဲ ထည့်သွင်းကာ အလှစိုက် ပန်းပင်များကြား စီရီ နေရာချသွားသည့် ဆေးခြောက် ပင်များကို တွေ့ရှိပြီးနောက် ယင်းဖြစ်စဉ်၏ လက်သည်ကို ရှာဖွေနေကြောင်း အတည်ပြုခဲ့သည်။

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်ရှိ မြို့တစ်မြို့တွင် အလှဆင် စိုက်ပျိုးသော ပန်းပင်များအတွင်း ဆေးခြောက်များ ရောနှော စိုက်ပျိုးသွားမှုအတွက် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ မြို့တော်ကောင်စီမှာ တာဝန်ရှိသူများသည် ပန်းအိုးများထဲ ထည့်သွင်းကာ အလှစိုက် ပန်းပင်များကြားစီရီ နေရာချသွားသည့် ဆေးခြောက်ပင်များကို
တွေ့ရှိပြီးနောက် ယင်းဖြစ်စဉ်၏ လက်သည်ကို ရှာဖွေနေကြောင်း အတည်ပြုခဲ့သည်။ ပြည်နယ်တွင်း တရားမဝင်ဟု သတ်မှတ်ထား သည့် ဆေးခြောက်အပင် (၂၀)ကျော်သည် မြို့တွင်း လမ်းများ၌ နေရာချ အလှဆင်ထားသည့် ခန့်ညားသော ပန်းအိုးကြီးများထဲတွင် နေရာယူလျှက် ရှိနေသည်။

ရဲများက မိမိတို့သည် ယခင်က အဆိုပါ ဆေးခြောက် ရွက်များကို ခူးယူခဲ့ခြင်း ရှိမရှိကိုပါ စစ်ဆေးသွားမည်ဟု ပြောကြားထားသည်။ လတ်တလောတွင် မြို့တော်ကောင်စီသည် လမ်းများတွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ မှတ်တမ်းဟောင်းများကို ပြန်လည် လေ့လာလျှက် ရှိသည်။

ဆေးခြောက်တွေက သဘာဝ အတိုင်းတော့ ပန်းအိုးထဲမှာ ပေါက်လာလေ့ မရှိပါဘူး။ ခုကိစ္စက မြင်ရုံနဲ့တင် တော်တော် ထူးဆန်းနေပြီဟု ဒေသခံ စီးပွားရေးသမား တစ်ဦးဖြစ်သော ဒင်းဘီဒစ်က ဆိုသည်။

၎င်းက ဆေးခြောက်ပင်တွေက လှတော့ လှပါတယ်။ သူတို့ တည်ရှိနေပုံက အံ့ဩစရာပါ။ ဒါပေမဲ့ ခုတော့လည်း ပန်းအိုးထဲက ရှင်းခံလိုက်ရပြီ။ ဘယ်သူတွေ ယူသွားတယ် မသိဘူးဟုလည်း ပြောကြား ခဲ့သည်။ အရွက်မြိုင်မြိုင်ဆိုင်ဆိုင်နှင့် စိမ်းစိုနေသော ဆေးခြောက်ပင်များ သည် ရောင်စုံ ပန်းပွင့်လေးများကြားတွင် သီးခြားရပ်တည်ကာ နယူးပေါ့တ် လမ်းမများကို အလှဆင်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ရဲများက ယင်းအပင်များကို ပြန်လည် နုတ်ယူ သိမ်းဆည်းနေကြောင်း သိရှိရသည်။

Planet Myanmar Network မြို့တော်ကောင်စီမှာ တာဝန်ရှိသူများသည် ပန်းအိုးများထဲ ထည့်သွင်းကာ အလှစိုက် ပန်းပင်များကြား စီရီ နေရာချသွားသည့် ဆေးခြောက် ပင်များကို တွေ့ရှိပြီးနောက် ယင်းဖြစ်စဉ်၏ လက်သည်ကို ရှာဖွေနေကြောင်း အတည်ပြုခဲ့သည်။

ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်ရှိ မြို့တစ်မြို့တွင် အလှဆင် စိုက်ပျိုးသော ပန်းပင်များအတွင်း ဆေးခြောက်များ ရောနှော စိုက်ပျိုးသွားမှုအတွက် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ မြို့တော်ကောင်စီမှာ တာဝန်ရှိသူများသည် ပန်းအိုးများထဲ ထည့်သွင်းကာ အလှစိုက် ပန်းပင်များကြားစီရီ နေရာချသွားသည့် ဆေးခြောက်ပင်များကို
တွေ့ရှိပြီးနောက် ယင်းဖြစ်စဉ်၏ လက်သည်ကို ရှာဖွေနေကြောင်း အတည်ပြုခဲ့သည်။ ပြည်နယ်တွင်း တရားမဝင်ဟု သတ်မှတ်ထား သည့် ဆေးခြောက်အပင် (၂၀)ကျော်သည် မြို့တွင်း လမ်းများ၌ နေရာချ အလှဆင်ထားသည့် ခန့်ညားသော ပန်းအိုးကြီးများထဲတွင် နေရာယူလျှက် ရှိနေသည်။

ရဲများက မိမိတို့သည် ယခင်က အဆိုပါ ဆေးခြောက် ရွက်များကို ခူးယူခဲ့ခြင်း ရှိမရှိကိုပါ စစ်ဆေးသွားမည်ဟု ပြောကြားထားသည်။ လတ်တလောတွင် မြို့တော်ကောင်စီသည် လမ်းများတွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ မှတ်တမ်းဟောင်းများကို ပြန်လည် လေ့လာလျှက် ရှိသည်။

ဆေးခြောက်တွေက သဘာဝ အတိုင်းတော့ ပန်းအိုးထဲမှာ ပေါက်လာလေ့ မရှိပါဘူး။ ခုကိစ္စက မြင်ရုံနဲ့တင် တော်တော် ထူးဆန်းနေပြီဟု ဒေသခံ စီးပွားရေးသမား တစ်ဦးဖြစ်သော ဒင်းဘီဒစ်က ဆိုသည်။

၎င်းက ဆေးခြောက်ပင်တွေက လှတော့ လှပါတယ်။ သူတို့ တည်ရှိနေပုံက အံ့ဩစရာပါ။ ဒါပေမဲ့ ခုတော့လည်း ပန်းအိုးထဲက ရှင်းခံလိုက်ရပြီ။ ဘယ်သူတွေ ယူသွားတယ် မသိဘူးဟုလည်း ပြောကြား ခဲ့သည်။ အရွက်မြိုင်မြိုင်ဆိုင်ဆိုင်နှင့် စိမ်းစိုနေသော ဆေးခြောက်ပင်များ သည် ရောင်စုံ ပန်းပွင့်လေးများကြားတွင် သီးခြားရပ်တည်ကာ နယူးပေါ့တ် လမ်းမများကို အလှဆင်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ရဲများက ယင်းအပင်များကို ပြန်လည် နုတ်ယူ သိမ်းဆည်းနေကြောင်း သိရှိရသည်။

Planet Myanmar Network

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here