သြဂုတ်လ(၇)ရက်

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ၀မ်တုံကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ/ဆရာမများအတွက် လိုအပ်နေသော ကုတင် ၆ လုံးအား သြဂုတ်လ ၅ ရက်နေ့က မဇ္ဈိမလူမှုကူညီရေးအသင်းမှ သွားရောက် လှူဒါန်းကြရာ ကျောင်းအုပ်ဆရာကြီး ဦးအောင်သိန်းထွန်း နှင့် ဆရာ/ဆရာမများမှ လက်ခံရယူပါသည်။
အဆိုပါ ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအပါအ၀င် ဆရာ/ဆရာမ အင်အား ၁၆ဦးရှိပြီး လိုအပ်နေသည့် ကုတင်များအား လှူဒါန်းရာ ကုတင်တစ်လုံး တန်ဘိုးငွေ ၁၂၀၀ ဘတ်ရှိပြီး ကုတင် ၆လုံးစာအတွက် ၇၂၀၀ဘတ် အကုန်အကျခံကာ ယခုလို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
မဇ္ဈိမလူမှုကူညီရေးအသင်း