Tuesday, August 20, 2013

ပျောက်နေသည့် အရှင်ဂမ္ဘီရ (ခေါ်) ဦးညီညီလွင် တာချီလိတ်မြို့ တွင် ရှိနေ

0 comments

သြဂုတ်လ(၂၀)ရက်
Photo: ပျောက်နေသည့် အရှင်ဂမ္ဘီရ (ခေါ်) ဦးညီညီလွင် တာချီလိတ်မြို့ တွင် ရှိနေ

20.8.2013
 
အင်တာနက်တွင် ပျောက်ဆုံးနေကြောင်း သတင်းများထွက်ပေါ်နေသည့်  ၂၀၀၇ စက်တင်ဘာ တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရ (ခေါ်) ဦးညီညီလွင်သည် သြဂုတ်လ ၁၈ ရက်တွင် တာချီလိတ်တွင်ရောက်ရှိနေကြောင်း သတင်းရရှိသည်။ ဦးညီညီလွင် ဟဲဟိုးမြို့မှ တာချီလိတ် မြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီး ဝမ်ကောင်းရပ်ကွက်ရှိ ဧရာဝဏ်ဟိုတယ်တွင် တည်းခိုလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်ရောက် ဦးညီညီလွင်သည် နောက်တနေ့တွင် ချစ်ကြည်ရေးတံတားသို့ သွားရောက်ကာ သြစတြေးလျနိုင်ငံသူ Marie Linda France အား တွေ့ဆုံခေါ်ယူပြီးနောက် ဧရာဝဏ်ဟိုတည်တွင် ဆက်လက် တည်းခို နေထိုင်လျှက်ရှိကြောင်း သိရသည်။ တာချီလိတ်မြို့ မကာဟိုခမ်းရပ်နေ  စားသောက်ဆိုင် ပိုင်ရှင်တစ်ဦး မှ ဦးညီညီလွင်တို့ စုံတွဲလက်တွဲလမ်းလျှောက်လာပြီး ခေါက်ဆွဲစားတာ တွေ့ခဲ့ရကြောင်း ယခုလို ပြောဆိုခဲ့သည်။ 

“အရှင်ဂမ္ဘီရမှန်ပါတယ်…. သူ့ကောင်မလေးနဲ့ အတူ ဧရာဝဏ် က ထွက်လာတာ တွေ့လိုက်တယ်…. ဗိုလ်ချုပ်လမ်းထဲက.. ခေါက်ဆွဲဆိုင်တစ်ဆိုင်ထဲ ဝင်သွားတယ်…” လို့ ဆိုပါတယ်။
ဦးညီညီလွင် နှင့် Marie သည် မနေ့က ညနေ (၅) နာရီခန့်တွင် ဆန်ဆိုင်း(ခ) ရက်ကွက်ရှိ ရွှေတိဂုံ ဘုရား နှင့် ရှမ်းရိုးမကွင်းရှိ ကုန်စည်ပြပွဲသို့ သွားရောက်ခဲ့ကြောင်း မျက်မြင်များမှ ပြောကြားသည်။

ကာတွန်းဝေယံ နှင့် ဦးညီညီလွင် တို့ တောင်ကြီး၌ တွေ့ဆုံစဉ်

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here