Tuesday, August 27, 2013

ဝန်ကြီးဌာနများမှဟင်းသီးဟင်းရွက်စိုက်ခင်းအဖြစ် သိမ်းဆည်းထားသော ခြံမြေများအား မူလပိုင်ရှင်လယ်သမားများက ပြန်လည်တောင်းခံမည်

0 comments

27.8.2013


သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
==============================
ဝန်ကြီးဌာ များမှ ဟင်းသီးဟင်းရွက်စိုက်ခင်း အဖြစ်သိမ်းဆည်းထားသော မှော်ဘီမြို့နယ် ကြာကန်စုကျေး ရွာရှိခြံမြေများအား မူလပိုင်ရှင် လယ်သမားများက ခြံမြေပြန်ရရှိ ရေးအတွက် ဝန်ကြီးဌာနများထံမှ ပြန်လည်တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်နှစ်ပင်ကျေးရွာအုပ် စုဝင်ကြာကန်စုကျေးရွာရှိ ခြံမြေ ၃၅ဧကကို စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန် ကြီးဌာနတို့မှ ၁၉၉၉နှင့် ၂၀၀၀ ခုနှစ်များတွင် ဟင်းသီးဟင်းရွက် စိုက်ခင်းအဖြစ်သိမ်းယူခဲ့ကြောင်း၊ လယ်သမား ၁၉ဦးခန့် ရွှေ့ပြောင်း ပေးခဲ့ရကြောင်း သိရသည်။
စိုက်ခင်းမြေပြန်ရရှိရေးအ တွက် လယ်သမားများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ မေ၂၅ရက်က စာတင်ခဲ့ကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော် မရှင်နှင့် သမ္မတထံသို့လည်း စာ တင်ခဲ့ကြောင်း လယ်သမားများ ကဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး လယ် သမားအကျိုးဆောင်ရွက်ပေးနေသူဦးမျိုးမြင့်အောင်က ''ဒီစိုက်ခင်း မြေတွေထဲက ၃၅ဧကခန့်လောက် ကို ဝန်ကြီးဌာနလူကြီးတွေက စီမံ ကိန်းနယ်မြေကျော်ပြီး အကျိုးစီး ပွားအတွက် သိမ်းဆည်းထားတာ ပါ။ တချို့ကို သီးစားချထားပြီး တ ချို့စိုက်ခင်းတွေက ဒီအတိုင်း မြေ လွတ်တွေဖြစ်နေတာပေါ့။ မေ ၂၅မှာ လယ်သမားတွေက လယ်မ ရှိ၊ စိုက်ခင်းမရှိတော့ မူလပိုင်ရှင် တွေက ဟင်းရွက်စိုက်ခင်းကို ဇူ လိုင်လထဲမှာ ခြံခတ်ပြီးစိုက်ခင်း ပြန်လုပ်ဖို့စီစဉ်ကြတာပေါ့။ မကြာ ဘူး။ စွမ်းအင်ဝန်ကြီးဌာနက အေ အီးဦးသိန်းကျော်နာမည်နဲ့ နိုင်ငံ ပိုင်ဟင်းသီးဟင်းရွက်စိုက်ခင်း ကျူးကျော်ခြံခတ်ခြင်းမပြုဖို့ သုံး ရက်အတွင်း ခြံခတ်တာဖယ်ဖို့ကို သတိပေးစာပြန်ပါတယ်''ဟုပြော သည်။
ယင်းသို့စာပြန်သော်လည်း လယ်သမားများအနေဖြင့် လက် ရှိအတိုင်း စိုက်ခင်းပြန်လုပ်သွား မည်ဖြစ်ကြောင်း၊ တချို့စိုက်ခင်း မြေများသည် နိုင်ငံပိုင်သိမ်းယူမှု များတွင်မပါဝင်ဘဲ ဝန်ကြီးဌာနများ မှသိမ်းယူထားခြင်းဖြစ်ကြောင်း၊ ထိုဝန်ကြီးဌာနများသို့ ယခုလအ တွင်း ထပ်မံစာတင်သွားမည်ဖြစ် ကြောင်း ဦးမျိုးမြင့်ကျော်က ထပ်မံပြောသည်။
မူလပိုင်ရှင်လယ်သမား ၁၉ ဦးမှစိုက်ခင်းများကို ပြန်လည်ခြံ ခတ်စိုက်ပျိုးရန်စီစဉ်သော်လည်း ၁၅ဧကခန့်သာ ခြံခတ်ထားပြီး ကျန်ရှိဧကများတွင် ဗိုလ်မှူး... ဆိုသူက ရော်ဘာခြံများစိုက်ပျိုး ထားကြောင်း လယ်သမားများက ဆိုသည်။
ကျေးရွာလယ်သမားတစ် ဦးဖြစ်သူဦးတင်စိန်က ''သူတို့ဟင်း သီးဟင်းရွက်စိုက်ခင်းလို့သိမ်းပြီး တစ်ရာသီကို တစ်ဧကကျပ်တစ် သောင်း အခကြေးငွေပြန်ငှားစား ကြတယ်။ စိုက်ခင်းလုပ်လဲ ခဏပဲ အလုပ်လုပ်ကြတယ်။ အိမ်တွေ ဖျက်ပေးခဲ့ရတယ်။ ဗိုလ်မှူးအ ငြိမ်းစားတွေက ရော်ဘာခြံတွေ စိုက်ပြီး ပုဂ္ဂလိကနာမည်နဲ့လွှဲပြောင်း ယူထားကြတယ်။ တချို့ကလဲ ပုဂ္ဂလိကလက်လွှဲရောင်းချထား တယ်''ဟုပြောသည်။

အေးချမ်းမွန် Credit To > Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here