Saturday, August 24, 2013

ကန့်ဘလူမှ တရားခံပြေး လာရှိုးတွင် ဖမ်းမိ

0 comments


သြဂုတ်လ(၂၄)ရက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူရဲစခန်းမှ အလိုရှိနေသော တရားခံပြေးအား ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်ရဲစခန်းမှ(ပ)၁၉၅/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၂၆တို့ဖြင့်အလိုရှိနေသောတရားခံပြေး
 ဦးအောင်ကျော်အား လားရှိုးမြို့၊ ရပ်ကွက် (၉)ရှိ အမှတ် (၆)နယ်မြေရဲကင်းမှ ဒုရဲအုပ် ဇော်လွမ်းထွဋ်နှင့်အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဦးအောင်ကျော်အား ဗြုန်းထုတ်လုတ်သည့် ဗြုန်းတောင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒုရဲအုပ်ဇော်လွမ်းထွဋ်က ပြောကြားသည်။
အမှတ် (၆)ရဲကင်းမှ တာဝန်ကျရဲတပ်ကြပ်ကြီး တစ်ဦးက သူ့ကို ကန့်ဘလူရဲစခန်းကအလိုရှိနေတာ၊ ကျနော်တို့ကလည်း ရပ်ကွက်လုံခြုံရေးအတွက် ကင်းလှည့်ရင်းနဲ့ သတင်းရလို့ဝင်ပြီး စစ်ဆေးလိုက်တော့ တရားခံပြေးဆိုတာသေချာတာနဲ့ ပြန်ပြီးဖမ်းလိုက်တာဟု ပြောကြားသည်။

တရာခံပြေး ဦးအောင်ကျော်အား လားရှိုးမြို့၊ ရပ်ကွက်(၉)၊ အမှတ်(၆)နယ်မြေရင်းကင်းမှ တဆင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရဲစခန်းသို့ ဥပဒေနှင့်အညီ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ချစ်ထွေး (လားရှိုး)

themyanmaage

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here