Wednesday, August 28, 2013

မြန်မာနိုင်ငံသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင် ရောက်ရှိနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့က ထုတ်ပြန်

0 comments
28.8.2013

မြန်မာနိုင်ငံသည် လူမျိုးရေးဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင် ရောက်ရှိနေပြီး တာဝန်ရှိသူများ အနေဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းခြင်း မပြုပါက ဗုဒ္ဓဘာသာနှင့် မွတ်စလင် အသိုင်းအ၀ိုင်း နှစ်ခုတို့အကြား တင်းမာမှုများ ပိုမိုဖြစ်လာနိုင်လိမ့်မည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ (APHR) က သြဂုတ် ၂၆ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

မြန်မာအစိုးရ တာဝန်ရှိသူများ အနေဖြင့် ယခုနောက်ဆုံး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့တွင် ဖြစ်ပွားခဲ့သော ကိစ္စများကိုလည်း ဥပဒေအတိုင်း အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရန် ပြုလုပ်သင့်သည်ဟု APHR က ပြောကြားသည်။

"ဒီပဋိပက္ခတွေကို တားဆီးဖို့အတွက် အစိုးရဟာ လုံလောက်တဲ့ အရေးယူမှုတွေ မပြုလုပ်ခဲ့ပါဘူး" ဟု APHR ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား လွှတ်တော်အမတ် တစ်ဦးဖြစ်သူ Eva Kusuma Sundari က ဝေဖန်သည်။

"တကယ်လို့ အစိုးရက သူတို့တစ်ဦးတည်း မဖြေရှင်းနိုင်ဘူးဆိုရင် လူမှုအဖွဲ့အစည်းတွေကို ၀င်ရောက်ကူညီ ခိုင်းသင့်ပါတယ်။ ဒီလူ့အဖွဲ့စည်း နှစ်ခုကြားမှာ ဖြစ်တဲ့ကိစ္စဟာ သူတို့ချင်း အဖြေရှာမှပဲ ရနိုင်ပါလိမ့်မယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here